အခန်း 14-1

206 28 1
                                    

အခန်း ( ၁၄ ) အပ်ိုင်း ၁

သုံးရက်ကြာတဲ့အခါမှာ ချန်ကျီမိသားစုဟာ နောက်ဆုံးတော့ ရောက်လာခဲ့သည်။ လူမရောက်ခင်ကတည်းက ရှောက်ရှန်းဟာ ဒီဦးလေး၃ က သေချာပေါက် အမေချန်ရဲ့ အချစ်ဆုံးသားဆိုတာ သိလိုက်သည်။

သူမနေ့စဥ်အလုပ် လုပ်ချိန်မှာ ( အမေချန်ကို ဂါဝရပြုနှုတ်ဆက်ခြင်း ) အမေချန်က သူမကို အခက်တွေ့အောင် လုပ်ဖို့ အချိန်မရှိဘူးဆိုတာ သူမပျော်ရွှင်စွာပဲ တွေ့လိုက်ရသည်။ ရှင်းရှင်းပြောရရင်တော့ သူမလာပြီး ဂါဝရမပြုရင်တောင် သိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေချန်က သခင်မရှောင်းကို အဓိကမေးခွန်းတွေ ၁၈ခေါက်လောက် မေးရင်းအလုပ်ရှုပ်နေလို့ပဲ။

ချန်ကျီသောက်ရတာ ကြိုက်တဲ့နို့ကနေ ခြေထောက်ဆေးရေ အထိ၊ ချန်ရှီစားရတာကြိုက်တဲ့ ကိတ်မုန့်ထဲက အစာသွတ်ကနေ ခေါင်းအုံးအူတိုင်အထိ ဆက်တိုက်မေးနေသည်။ စိတ်နှစ်ပြင်ဆင်မှုက များပြီး ကွဲပြားခြားနားချက်ကတော့ အဆုံးမရှိပဲ။  ဒါက        တကယ့်ကို နိုင်ငံတကာ အဆင့်သတ်မှတ်ပေးသူတွေရဲ့ အဆင့်လောက်ပဲ။

သခင်မရှောင်းက မေးခွန်းတွေကို သည်းမခံနိုင်တော့ပဲ မျက်လုံးတစ်ချက်စွေကြည့်လိုက်တော့ အဖွားဟူက အမြန်ထွက်လာပြီး အမေချန်ကို  ''ငါတို့အိမ်က အားကျီ´´ ရဲ့အတိတ်ကလေးဘဝကနေ အိပ်ရာသေးစိုတဲ့အထိ မတူညီတဲ့အတိတ်တွေကို ပြန်သတိရစေလိုက်သည်။  အစေခံကောင်မလေးက လက်ဖက်ရည်လာ ဆက်သတဲ့အချိန်ရောက်မှ အဖွားဟူလည်း လည်ချောင်းတွေ ခြောက်သွေ့ပင်ပန်းပြီး အမေချန်လည်း အားလျော့သွားတော့သည်။

ဒီအခြေအနေကို ရှောက်ရှန်းက ထပ်ပြီးမဟုတ်တာတွေ တွေးနေပြန်သည်။ သိတဲ့သူကတော့ သားပြန်လာတယ်။ မသိတဲ့သူကတော့ နှစ်ပေါင်းများစွာ ခွဲနေရတဲ့ ယောကျာ်းပြန်လာတာ ကျနေတာပဲ။ ဒါပေမဲ့ ဦးလေး၃ လူကိုယ်တိုင်ကို တွေ့တဲ့အခါမှာ သူမက ဘယ်လောက်အမြင်ကျဥ်းလဲဆိုတာ သိသွားသည်။

ချန်ကျီက လူကို  လောကရဲ့မကောင်းမှုတွေကို မေ့သွားစေလောက်တဲ့ ယောကျာ်းချောဖြစ်သည်။ ကြည့်ရတာ သုံးဆယ်လောက်တောင် မရှိသေးပဲ  သူ၏မေးစေ့အောက်မှာ မုတ်ဆိတ်မွှေးရေးရေးရှိသည်။ မျက်နှာ အသားအရေက ဖြူဝင်းပြီး မျက်ခုံးက ချောမောသည်။ လူက စိမ်းလန်းသည့်တောင်တန်းလို တောက်ပနေပြီး ပြုံးလိုက်လျှင်လည်း မျက်နှာကို နွေဦးလေပြေ တိုက်ခတ်သွားသလိုပင်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now