အခန်း 34 - 2

135 22 1
                                    

အခန်း ( ၃၄ ) အပိုင်း ၂

သခင်မကြီးဝမ့်ရဲ့ ဆံပင်ဟာ လုံးဝကို ဖြူဆွတ်နေပြီဖြစ်သည်။ သို့သော်လည်း ဖရဲ့စေ့ပုံ မျက်နှာ၏ အချိုးအစားက ရှင်းလင်းနေသေးသည်။ နှာတံပြည့်ပြည့် နှာခမ်းဖူးဖူးဖြစ်ပြီး ခါးနှင့်ကျောက ဖြောင့်မတ်သည်။ အထူးသဖြင့် ငယ်ရွယ်ချိန်မှ ထက်မြက်လှပမှုကို တွေ့ရသည်။ ဒါပေမဲ့…..။ သူမက မျက်လုံးကို အနည်းငယ်မှိတ်ထားပြီး ညာဘက်မျက်ခုံးအောက်တွင် နိမ့်ဝင်နေသည်။ တကယ့်ကိုပဲ အထဲက မျက်လုံးဟာ မရှိတော့ဘူး။ အဲ့အပြင် ညာဘက် နားရွက်တစ်ဖက်ကလည်း ပျောက်ဆုံးနေသည်။

ဖယောင်းတိုင်မီးက တောက်ပနေသော်လည်း မျက်စိရှေ့က အဖွားအိုကြီး၏ မျက်နှာတွင် ပြောမပြတတ်သော ထူးဆန်းမှုက ရှိနေသည်။ ကံကောင်းစွာနဲ့ ဒီအချိန်မှာ ရှောက်ရှန်းမျက်နှာပေါ်က အညိုအမဲတွေဟာ မပျောက်သေးဘူး။ မဟုတ်ရင် သူမရဲ့ ဖုန်းကွယ်မရတဲ့ အံ့သြမှုကို လူတွေက သေချာပေါက် တွေ့မှာဖြစ်သည်။ သူမက နည်းနည်းပဲ ပြောတာ ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်လိုက်သည်။

သခင်မကြီးဝမ့်ရဲ့ အဝတ်အစားတွေက ရိုးရှင်းပြီး လက်ဝတ်ရတနာ တစ်ခုကိုမှ အသုံးမပြုဘူး။ ပိတ်စသားကို နူးညံသက်တောင့်သက်တာ ရှိသည်နှင့် လုပ်ထားပြီး ဆံပင်တွေက သစ်သားဆံထိုး တစ်ခုနှင့် ရိုးရိုးရှင်းရှင်း ထုံးထားသည်။ မျက်စိရောဂါ ရှိတဲ့သူကို စောင့်ရှောက်ဖို့အတွက် အခန်းရဲ့ အဆင်တန်ဆာတွေဟာ ရိုးရှင်းကောင်းမွန် နည်းပါးသည်။

ရှောက်ရှန်းက လိမ်လိမ်မာမာနှင့် သခင်မကြီးဝမ့်ကို ဂါဝရပြု နှုတ်ဆက်လိုက်သည်။ သခင်မကြီးဝမ့်က ခေါင်းလှည့်ကာ ပြုံးပြီးပြောလိုက်သည်။

''ရှောက်ရှန်း လာပြီလား။ ဒီတစ်ခေါက် ရက်များများနေပေါ့။ ချီးချီးရဲ့ အထက်က အစ်မတွေ အကုန်လုံးက လက်ထပ်သွားကြပြီ။ သူက မြို့တော်ကို ပြန်လာပြီးကတည်းက တစ်နေ့ကုန် အားပြီးပျင်းနေတာ။ မင်းတို့ ညီအမတွေ စာအတူတူဖတ်၊ အတူတူရေးကြ……´´

''စာရေး´´ ဆိုသည့် စကားလုံးကို ကြားသည့်အခါ ရှောက်ရှန်း၏ ပထမဆုံး တုံ့ပြန်မှုက သခင်မရှောင်း၏ သစ်သားစာလိပ်တွေကို ဒီနေရာမှာ ရေးဖို့ ယူလာတာဖြစ်သည်။ မထင်မှတ်ပဲ ဝမ့်ချီးချီးက အရင်အော်လိုက်သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now