အခန်း 28 - 2

201 29 0
                                    

အခန်း  ( ၂၈ ) အပိုင်း ၂

သူမက အချိန်အကြာကြီး စကားမပြောတာကိုတွေ့တော့ သခင်မဆန်းက ပြုံးကာမေးလိုက်သည်။

''ဘာဖြစ်နေတာလဲ? ငါ့အကြောင်းကို ပြောနေတာလေ။ ဒါကို မင်းက စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့´´

ရှောက်ရှန်းက ခေါင်းယမ်းလိုက်သည်။

''ဒေါ်လေးက ဒီစကားကို ပြောတာ ပြင်းထန်လွန်းတယ်လို့ သမီးထင်တယ်။ အဲ့လူ ဒေါ်လေးကို လာပြီးစကားပြောလို့ရမဲ့ လမ်းတွေ အကုန်လုံးနီးပါးကို ပိတ်ထားလိုက်တယ်´´

ဒီစကားက အပေါ်ယံ နားထောင်ကြည့်ရင် သာမန် စိတ်ဆိုးတဲ့စကားလေးပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် သခင်မဆန်းကို တိုက်ရိုက်ဆက်သွယ်လို့ ရမယ့်နည်းလမ်းတွေ အကုန်လုံးကို ဖြတ်ချပစ်လိုက်သည်။ ပြီးတော့ အချစ်ဇာတ်လမ်းဟောင်းကြောင့်လည်း အရင်နှစ်က ကိစ္စတွေကို သိတဲ့သူဟာ စကားကမ်းမပေးချင်ကြဘူး။ ဥပမာ အနေနဲ့ သခင်မဆန်းရဲ့ အကိုတွေနဲ့ ချန်မိသားစုက လူတွေ။

ယွမ်ရှန်က သိသိသာသာပဲ သူ့ဆရာရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို အခြားသူတွေ မသိစေချင်ဘူး။ သတင်းစကား ကမ်းပေးတဲ့သူဟာ သခင်မဆန်းနဲ့ ရင်းနှီးပြီး ချန်မိသားစုက လူတွေအကုန်လုံးနဲ့လည်း စကားတွေ အများကြီး ပြောလို့မရဘူး။ ဒါ့ကြောင့်မို့လို့ သူမအပေါ်  ကျရောက်လာခဲ့သည်။ တကယ်တော့ သူမဟာ အသင့်တော်ဆုံးသူ မဟုတ်ဘူး။

တကယ်လို့ ချန်ဝေသာ နည်းနည်းလေး ပိုကြီးခဲ့ရင် သားအမိတွေ စကားကမ်းပေးတာက ပိုအဆင်ပြေလိမ့်မယ်။ ကံမကောင်းစွာနဲ့ ချန်ဝေက ငယ်သေးလွန်းပြီး သတိမထားမိပဲ အမှားလုပ်မိတာနဲ့ ပျက်စီးသွားလိမ့်မယ်။ သခင်မဆန်းက ရှောက်ရှန်းဒီစကား ပြောလိမ့်မယ်လို့ ထင်မထားဘူး။ သူမက ခဏတာ စိတ်ဓာတ်ကျသွားပြီး စိတ်ထဲမှာ ပြောလိုက်သည်။ '' အမျိုးသမီးတွေ ဘဝမှာ ဒီစကားကို ပြောဖို့ အခွင့်အရေး မရှိတာကမှ ကံကောင်းတာပါ ´´

နှစ်ယောက်စလုံးဟာ ခဏတာ တိတ်ဆိတ်သွားသည်။ သခင်မဆန်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထပ်ကာ စိတ်လှုပ်ရှားလာသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now