အခန်း 27 - 2

195 24 1
                                    

အခန်း ( ၂၇ ) အပိုင်း ၂

ယွမ်ရှန်က ရှောက်ရှန်း တုံးချင်ယောင်ဆောင်နေသည်ကို တွေ့တော့ မဖော်ထုတ်ပဲ သူ၏ သွယ်တန်းလှပသည့် မျက်ခုံးကို တစ်ချက်ပင့်ကာ ခြေလှမ်း၍ ဆိုင်တွင်းသ်ို့ဝင်မလို လုပ်လိုက်သည်။ ထိုအချိန်မှာပဲ ရှောက်ရှန်းက မတ်တပ်ရပ်လိုက်ပြီး လက်ကိုဆန့်တန်း၍ ဂါဝရပြုကာ ပြုံးပြောလိုက်သည်။

''လက်…လက်စသတ်တော့ သခင်လေးယွမ်ပဲ။ အရင်တစ်ခေါက် အိမ်တော်က စားသောက်ပွဲ ပြီးကတည်းက မတွေ့တာ  ရက်အနည်းငယ် ရှိပြီနော်´´

'' အကိုက သခင်လေးကို အရမ်းသတိရနေတာ။ ဘယ်တော့ကျမှ ထပ်ပြီး ကဗျာစပ်ဖို့ အခွင့်အရေး  ရှိတော့မလဲ မသိဘူး´´

အမေရေ.. သူမဆက်ပြီး မပြောနိုင်တော့ဘူး! လက်ထောက်တာဝန်ခံက လေးစားသွားသည်။ သူတို့သခင်မလေးက စကားပြောတာ သင့်တင့်လျှောက်ပတ်ပြီး ကိုယ်နေဟန်ထားက လှပသည်ဟု ခံစားရသည်။ မြို့တော်က အခြားမိန်းမပျိုလေးတွေလို သခင်လေးရှန့်ကျန့်ကို တွေ့တာနဲ့ ပျားရည်ကို တွေ့တဲ့ ဝက်ဝံလိုမျိုးနဲ့ မတူပဲ အရမ်းလည်း နီးကပ်မနေသလို အရမ်းလည်း ဝေးကွာမနေဘူး။ ယွမ်ရှန်က ပြုံးကာပြောသည်။

''သခင်မလေး မှားနေပြီထင်တယ်။ အဲ့နေ့က ညီနောင်လေးက နောက်တစ်ခါထပ်ပြီး ဆွေးနွေးမယ်လို့ ပြောတာက လင်္ကာပါ။ ကဗျာ မဟုတ်ဘူး´´

သူက တမင်သက်သက် နောက်ဆုံး စကားလုံးတစ်လုံးကို ရပ်ပြီးမှ ပြောရင်း တစ်ခုခုကို ရည်ညွှန်းနေသည်။ ရှောက်ရှန်းက ဆောင့်တက်လာသည့် သွေးတွေကို မျိုချလိုက်ရသည်။ ယွမ်ရှန်ကသူမ စကားမပြောတာကို တွေ့တော့ ရှေ့ကို ခြေတစ်လှမ်း ထပ်တိုးပြီးပြောလိုက်သည်။

''ညီနောင်လေး ပြောတာကြားတာတော့ သခင်မလေးလည်း ခွိုက်ထုန်းရဲ့ လင်္ကာတွေကို အရမ်းသဘောကျတယ်ဆို? ´´

လက်ထောက်တာဝန်ခံနှင့် ဘေးပတ်ဝန်းကျင်က အစေခံတွေ အကုန်လုံးက ရှောက်ရှန်းကို အထင်ကြီး လေးစားစွာ ကြည့်လိုက်ကြသည်။ အကုန်လုံးက စိတ်ထဲမှာ တွေးလိုက်ကြသည်။ အပြင်ဘက်က ကောလဟာလတွေက လူကြီးမင်းရဲ့ သမီးအငယ်ဆုံးလေးဟာ ကယ်မျိုးရိုးရဲ့ ပျိုးထောင်ခံရလို့ ပျက်စီးနေပြီး မာနကြီး ရိုင်းစိုင်းတယ်တဲ့။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now