အခန်း 29 - 2

210 28 1
                                    

အပိုင်း ( ၂၉ ) အပိုင်း ၂

သူတို့သုံးယောက်က အတွင်းဆောင်ထဲကို ခေါ်သွားခံရပြီး ကြယ်တွေဝန်းရံခံနေရတဲ့ လကဲ့သို့ မိန်းမပျိုလေးကို တွေ့ပြီးနောက်မှာ ရှောက်ရှန်းဟာ ချက်ချင်းပဲ နားလည်သွားသည်။ ဝမ့်ချီးချီးရဲ့ အပြုံးဟာ သိပ်မပျော်ရွှင်သော်လည်း စည်းမျဥ်းစည်းကမ်းတွေကို လ်ုက်နာကာ မိတ်ဆက်လိုက်သည်။

''ယန်းယန်း ညောင်ညောင် ဒါကို ယင်အိမ်တော်က အစ်မရွှီးအာ ။ ငါ့ထက် သုံးရက်ပဲကြီးတယ်''

''အစ်မရွှီးအာ ဒါက ချန်ဦးလေးရဲ့ အိမ်တော်က ညီမလေးနှစ်ယောက်''

ယင်ရွှီးအာဟာ နူးညံသိမ်မွေ့ပြီး ကျက်သရေရှိသည်။ တောက်ပသော အနီရောင် ပန်းထိုးထားသည့် သုံးလွှာဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ခန်းမအလယ်မှာ ဖြောင့်ဖြောင့်မတ်မတ် ထိုင်နေပြီး ဘေးဘက်တွင် မိန်းမငယ်လေးများက မြှောက်ပင့်ပြောဆိုနေသည်။ သူမက ပြောသံကြားတဲ့အခါမှာ အရင်ဆုံး ဝမ့်ချီးချီးရဲ့ ဝတ်စုံကို ရှုံချစွာ ကြည့်လိုက်သည်။ အဲ့ဒီနောက် ယန်းညောင် ကောင်မလေး နှစ်ယောက်ကို ထပ်ကြည့်လိုက်ပြီး ချစ်စရာကောင်းစွာ ပြောလိုက်သည်။

''နင်ပြောတာကို အကြာကြီး နားထောင်ပြီးတော့ ဒီညီမလေးနှစ်ယောက်ကို မိုးပေါ်က နတ်သမီးလားလို့ ထင်နေတာ။ ဒီနေ့တွေ့တော့လည်း သာမာန်ပါပဲ''

ဝမ့်ချီးချီးက မျက်လုံးလှန်လိုက်သည်။

''ငါဘယ်အချိန်တုန်းက ပြောလို့လဲ။ ငါလည်းဒီနေ့မှ သူတို့နဲ့ ပထမဆုံးတွေ့တာ''

''ဧကန္တ နင်စကားပြောရင် ကောင်းတာရွှေးမပြောတတ်ဘူးလား။ ငါတို့ကို မထိုင်ခိုင်းသေးဘူးလား''

ချန်ယန်းက မျက်နှာတစ်ခုလုံးတွင် ကြောက်ရွံ့နေသည်။ ဒါပေမဲ့ ရှောက်ရှန်းက ခေါင်းငုံကာ စိတ်ထဲတွင် တွေးလိုက်သည်။ နောက်ထပ် စိတ်ရှုပ်စရာကောင်းတဲ့ ကောင်မစုတ်လေးတစ်ယောက်။ ယင်ရွှီးအာက သာမာန်ကာလျှံကာပဲ ပြောလိုက်သည်။

''ညီမလေးတို့ သုံးယောက် ကျေးဇူးပြုပြီး ထိုင်ကြပါ''

ဝမ့်ချီးချီးက မျက်စောင်းထိုးသည်။ လူကြီးမင်းယင်မှာ သားခြောက်ယောပ် သမီးနှစ်ယောက်ရှိပြီး တစ်ဝက်မှာ သခင်မယင်ထံမှ ဖြစ်သည်။ စစ်သူကြီးဝမ့်မှာ သမီး၁၃ယောက်ရှိပြီး ထိပ်ဆုံးနဲ့ နောက်ဆုံးတစ်ယောက်မှာ သခင်မဝမ့်ထံမှ ဖြစ်သည်။ ကောင်မလေး နှစ်ယောက်စလုံးဟာ သူတို့မိခင်များ အချိန်ကာလကြာမြင့်စွာမှ ထပ်ရလာကြတာ ဖြစ်ပြီး ပုံမှန်တွင် နည်းနည်းပိုပြီး အလိုလိုက်ခံကြရသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now