အခန်း ( ၁၇ ) အပိုင်း ၂
အမျိုးသမီး ၄ယောက်က မြင်းလှည်းတစ်ခုတည်းမှာ အတူစီးကြသည်။ ချန်ယန်းက လှည်းနံရံမှာ မှီနေရင်း ရှိုက်ကာ ' အဖိုးက အသက်အရမ်းကြီးနေပြီ။ ရက်ပေါင်းများစွာ ခရီးနှင်ရတာ လုံခြုံပါ့မလား မသိဘူး´ လို့ရေရွတ်နေသေးသည်။ သခင်မရှောင်းနှင့် သခင်မဆန်းက နူးညံတိုးတိတ်စွာ နှစ်သိမ့်နေကြသည်။
ရှောက်ရှန်းက ဒီလို ငိုတတ်တဲ့ ပုံစံမျိုးကို စိတ်မရှည်ဆုံးဖြစ်သည်။ ၁၅မိနစ်လောက် သည်းခံပြီးတဲ့အခါမှာ နောက်ဆုံးတော့ ပြောလိုက်သည်။
''အစ်မဝမ်းကွဲ စိတ်ချပါ။ အစ်မရဲ့ အဲ့အဖိုးက အရမ်းကို တော်တယ်။ အကုန်လုံးကို သေချာ စီစဥ်ပြီးသွားပြီ။ ဒီသွားတာက သေချာပေါက်ကို ချောမွေ့လိမ့်မယ်"
သခင်မရှောင်းက တစ်ချက်လှည့်ကြည့်လိုက်ပြီး
''အကြီးကို ဝေဖန်ပြန်ပြီလား? စည်းကမ်းမရှိဘူး´´
''…ကောင်းပြီလေ။ ဒါဆို သမီး နည်းနည်းဝမ်းသာစရာ ကောင်းတာပြောမယ်´´
''အစ်မဝမ်းကွဲ။ အစ်မ အဖိုးက ဒီလို လေနဲ့နှင်းတွေ ကြားထဲသွားပြီး နှစ်သစ်ကူးနား နီးတာတောင် အဒေါ်၂ ကို ပြန်ခေါ်သွားတယ်။ အစ်မအရမ်း စိတ်ဓာတ်မကျပါနဲ့´´
''နောင်မှာ ဦးလေး၂ နဲ့ အဒေါ်၂ တို့တကယ်လို့ ပြန်အဆင်ပြေတဲ့ နေ့ရှိခဲ့ရင် အဲ့ဒါက ဒီနေ့ရဲ့ အားထုတ်မှုကြောင့်ပဲ! ´´
''တကယ်လား? ´´
ချန်ယန်း၏ မျက်နှာမှာ မျက်ရည်တွေက ရှိနေသေးသည်။ ကယ်မျိုးရိုးက မကြင်နာသော်လည်း သူမက မိဘနှစ်ပါး မကွာရှင်းဖို့ မျှော်လင့်နေသေးသည်။ သခင်မရှောင်းက ခန္တာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး သမီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
''ဒီစကားကို မင်းလျှောက်ပြောလို့ မရဘူး´´
စဥ်းစားပြီးတော့ ထပ်ပြောလိုက်သည်။
''အထူးသဖြင့် မင်းအဖေကို လျှောက်မပြောရဘူး´´
သမီးရဲ့ ဉာဏ်ရည်က တကယ့်ကို ထက်မြက်လွန်းတယ်။ ရှောက်ရှန်းက အင်္ကျီလက်နဲ့ လေယက်ပြီး မီးသွေးမီးငွေ့တွေကို မောင်းထုတ်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
YOU ARE READING
love like the galaxy { myanmar translation } (Unicode & Zawgyi
Romancecredit to original owner Guan Xin Ze Luan