အခန်း 3-1

515 40 1
                                    

အိမ်တော်ထိန်းလီက မီးဖိုထဲက မီးသွေးရဲရဲကိုကြည့်ပြီး စကားထွက်မလာတော့ဘူး။ ဒီရိုင်းစိုင်းပြီး အထက်စီးဆန်တဲ့ သခင်မလေး ၄ ကရင်းနှီးတယ်လို့ ပြန်ခံစားလိုက်ရတယ် ။ သူမကို ဒီလိုပဲ စိတ်လွတ်ပြီး အစေခံတွေကို ရိုက်နှက်လေ့ရှိတယ်။

ဒါပေမဲ့ သူ့ကိုတော့ သူမဒါမျိုးတစ်ခါမှ မလုပ်ရဲခဲ့ဖူးဘူး။ အပြင်းဖျားပြီးတော့ ပိုပြီး သတ္တိရဲလာတာလား။ ယွီချိုင်လင်က သူမကို ခဏကြည့်ပြီး မီးဖိုကို သရော်ပြီး ချလိုက်တယ်။ ဆံထိုးကို လက်ထဲပြန်ထားပြီး အေးစက်စွာပြောလိုက်တယ်။

''နင် ငါ့ကို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ထပ်ပြောရဲရင် ငါအခုပဲ လှည်းပေါ်က ခုန်ချလိုက်မယ်။ ''

''နင့်ဟာနင် သေသေရှင်ရှင် ငါကနင်နဲ့ ပြန်လိုက်မှာ မဟုတ်တော့ဘူး။ ''

သူမသာအင်အားမကြီးခဲ့ရင် အဖေမရှိ အမေမရှိ မုဆိုးမအဘွားနဲ့နေရတဲ့ ကောင်မလေးကို ဦးလေးရှိတာတောင်မှ မြို့ထဲကလူတွေက သေလောက်အောင် အနိုင်ကျင့်ခဲ့ကြလိမ့်မယ်။

''နင် ........ နင်.......''

အိမ်တော်ထိန်းလီက အချိန်အတော်ကြာ မှင်သက်သွားတယ်။ အစေခံတစ်ယောက် အနေနဲ့ သခင်စီက အပြောခံရတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီ သခင်မလေး ၄ က သူတို့ ကျေနပ်အောင်လို့ အမြဲတမ်း မြှောက်ပင့်နေခဲ့တာ ။

တကယ်တော့ ခုနက သေလုမျောပါး အဖျားရောဂါ ဆိုတာကို ကြားတော့ သူက အပြစ်ရှိသလို ခံစားရတယ်။ အဲဒါက သူ့အပြစ်ပါ။ သခင်မက သခင်မလေး ၄ ရဲ့ အသက်ကိုယူဖို့ မလုပ်ခိုင်းထားဘူး။ အစတုန်းက သခင်မက လအနည်းငယ်သုံးပြီး သူမကို ထိန်းကွပ်ဖို့ ကြံစည်ထားတာ။ အရင်ဆုံးသူမကို အခက်အခဲအချို့ ခံစားခိုင်းလိုက်မယ် ။ ပြီးရင် လအနည်းငယ်လောက် နွေးနွေးထွေးထွေး ကြင်နာပေးလိုက်ရင် သခင်မလေး ၄ က မိဘတွေပြန်မလာခင် လုံး၀ကို နာခံသွားလိမ့်မယ်။

ပြိုင်ဘက်က ဉာဏ်များလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။ စာထဲမှာ ပြန်လာဖို့ လအတော်ကြာဦးမယ် ပြောထားပြီး မနေ့က ရက်အနည်းငယ်အတွင်း ပြန်ရောက်မယ်ဆိုပြီး ရုတ်တရက်ကြီး သတင်းပို့လာတယ်။ သူတို့ သတိလစ်ဟင်းသွားတယ်။ အခုတော့ ဘယ်လိုလုပ်မလဲ။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now