အခန်း 23-1

191 27 2
                                    

အခန်း ( ၂၃ ) အပိုင်း ၁

ရှောက်ရှန်း၏ ခြေထောက်ကို ထိသွားပြီး သူမက တစ်ချက်ကြောင်သွားသည်။ ငုံကြည့်လိုက်တော့ ဘောလုံးလေးက သပ်သပ်ရပ်ရပ် လုပ်ထားတာကို တွေ့ရသည်။ အဖြူရောင် ဝါးတံစို့လေးများကို သေချာစွာပတ်၍ ကြက်ခြေခတ် ထုံးထားပြီး အပြင်ဘက်တွင် အပြာရင့်ရောင် ဘရိုကိတ်သားနှင့် အထပ်ထပ် ပတ်ထားသည်။ ခေါင်းလောင်းငယ်လေး နှစ်ခု သုံးခုကိုတောင် ချည်နှောင်ထားသေးပြီး လိမ့်သည့်အခါ ကြောင်လေးတိုးတိုး ညီးနေသကဲ့သို့ နူးညံစွာ ကြည်လင်ပျော့ပြောင်းသော အသံလေး ထွက်နေသည်။

''ဒီဘက်က သခင်မလေး ကျွန်တော် ရိုင်းပြမိပါပြီ!´´

ကြည်လင်သည့် အမျိုးသားအသံက ထွက်ပေါ်လာပြီး ရှောက်ရှန်းက အမြန်ခေါင်းမော့ကြည့်လိုက်သည်။ သူမနှင့် ခုနှစ်လှမ်း ရှစ်လှမ်းအကွာတွင် လူငယ်သခင်လေး တစ်ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။ သွယ်လျသည့် အချိုးအစား၊ ဖြောင့်တန်းသော ပုခုံးနှင့် ရွှေချည်အနည်းငယ် ထိုးထားသော အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး သူ၏ လက်များကို အင်္ကျီလက်ထဲတွင် ထည့်ထားသည်။ သူ၏ နောက်တွင် တဟုန်းဟုန်း တောက်လောင်နေသော မီးတိုင်ရှိပြီး သူက နောက်မှအလင်းရောင်ကို ကျောပေး၍ ရပ်ထားသည်။ ရှောက်ရှန်းဟာ သူ၏ ရုပ်ရည်သွင်ပြင်ကို သေချာမမြင်ရဘူး။

ရှောက်ရှန်း ကြောင်အနေသည်ကို မြင်ပြီး ထိုအမျိုးသားက အနည်းငယ် ပြုံးလိုက်ပုံပေါ်ကာ ဖြေးဖြေးချင်း အနားသို့တိုးလာသည်။ ဘေက်မှာ ခစားနေသည့် အစေခံတွေနဲ့ အိမ်စောင့်များက ချက်ချင်းပဲ သူတို့ရဲ့ လက်များကို ခါးပေါ်မှ ဓားဆီသို့ တင်လိုက်ကြသည်။  လူငယ်သခင်လေးက သူတို့၏ အသင့်အနေအထားကို သတိထားမိပုံ မပေါ်ကာ ရှောက်ရှန်းရှေ့သို့ တည့်တည့်သွားလိုက်ပြီး ငုံ့ကာ ဘောလုံးကို ကောက်လိုက်သည်။

သူ၏ခါးက ပျော့ပျောင်းပြီး ခန္တာကိုယ်ကိုတည့်တည့် မတ်လိုက်သည့်အချိန်တွင် လူအရိပ် တစ်ခုလုံးက ရှောက်ရှန်းကို ဖုံးအုပ်သွားသည်။ ရှောက်ရှန်းက အဲ့ဒီအချိန်ကျမှ သူ၏ ကျီးကန်းငှက်တောင်လို ရှည်လျားသည့် ဆံပင်များက သူထလိုက်သည့်အချိန်တွင် အနည်းငယ် လှုပ်ရမ်းသွားသည်ကို တွေ့လိုက်ရသည်။ တောက်ပသည့် မီးရောင်အောက်တွင် ထိုဟာများသည် ပိုးချည်မျှင်များ လွင့်မောနေသကဲ့သို့ ဖြစ်သည်။ အဲ့လူက ရှောက်ရှန်းကို စာသင်သားတစ်ဦး ဦးညွတ်သလို ပုံစံဖြင့် ဖြောင့်ဖြောင့်မတ်မတ် ဦးညွတ်လိုက်ပြီး ကျောခိုင်းကာ ဘယ်သူမှ မမြင်ရတဲ့အထိ ထွက်သွားတော့သည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now