အခန်း 12-2

177 24 1
                                    

အခန်း ( ၁၂ ) အပိုင်း ၂

နောက်ရက် အနည်းငယ်မှာ အမေချန်က သူမရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပဲ အချိန်အတော်ကြာ အားကျခဲ့ရတဲ့ ခြံဝန်းကို လှည့်ပတ်ကြည့်ရှုနေသည်။ သခင်မကြီးဝမ့်က ဒီအဆောင်မှာ ထိုင်တာကို စဥ်စားလိုက်လျှင် သူမက မြောက်လေတိုက်နေရင်တောင် တစ်နေကုန် ထိုင်နေချင်သည်။ သခင်မကြီးဝမ့်က ရေကန်ဘေးမှာ ငါးနဲ့ မိုးမပင်ကို ကြည့်တာ တွေးလိုက်လျှင် သူမက မိုးမခကိုင်းပေါ်မှာ ငါးတင်ကာ ကင်ပြီးစားချင်သည်။

အဓိကဆောင်မှာနေတဲ့ သခင်မကြီးဝမ့်က ဘယ်လိုအာဏာကြီးတာကို စဥ်းစားလိုက်လျှင် သူမက အိပ်ရာကိုဖက်ကာ မထချင်တော့ဘူး။ ချန်ရှီ လင်မယားက ဒီအခြေအနေကို အရမ်းကျေနပ်နေပြီး ချန်မိသားစုဟာ ပြိင်ဘက်ကင်းလောက်အောင် သင့်မြတ်နေကြသည်။

ချန်ဦးလေး၂ က တိတ်ဆိတ်အေးချမ်း တဲ့နေရာမှာ နေရပြီးဘေးမှာ အခုတော့ စာအုပ်မရှိသေးပေမဲ့ စာကြည့်တိုက်အဖြစ် သုံးလို့ရတဲ့ နှစ်ထပ်နဲ့တစ်ဝက် ထပ်ခိုးလေးတောင် ပါသေးသည်။ ဆူပူအော်ဟစ်နေတဲ့ ကယ်မျိုးရိုးမရှိတော့ ရက်အနည်းငယ်အတွင်းမှာ ဦးလေး၂က မျက်နှာတောင် ရဲလာသည်။ သူက ထမင်းစားချိန်မှာ စစ်သူကြီးချန်ရဲ့ ဟာသအချို့နဲ့လိုက်ပြီး စကားအချို့ ပြောလာနိုင်ပြီ။

ချန်ရှောက်ရှန်းဟာလည်းပဲ ရှေ့မှာ သစ်ပင်ပန်းမန်များနှင့် နောက်တွင်ဝါးသစ်တောလေးရှိပြီး ဘေးဘက်မှာ သန့်စင်သည့် အဖြူရောင် ကျောက်တုံးလေးများ ခင်းထားသော လှပသည့် ခြံဝန်းအတွင်းမှာ နေရာချထားခံရသည်။ ဘေးဘက်မှာတော့ လက်ရှိအသုံးမပြုသည့် လွတ်နေသော အဆောင်ကြီးရှိသည်။ မဝေးတော့သည့် အချိန်မှာ သူမ၏ ခန်းဝင်ပစ္စည်းများ သိမ်းထားဖို့ သုံးလို့ရလောက်သည်။ တကယ်လို့ သူမလက်ထပ်သွားရင်ပေါ့။ တစ်ခုတည်းသော အားနည်းချက်ကတော့ ချန်ရှီတို့ လင်မယား အဆောင်နဲ့ နီးလွန်းတာပဲ။ တကယ်လို့ သူမတစ်ခုခုလုပ်လျှင် သခင်မရှောင်းက နှောင့်နှေးမှုမရှိပဲ ချက်ချင်းရောက်လာနိုင်သည်။

နေ့ရက်တွေမှာ အလုပ်မရှိပဲ ချန်ရှောက်ရှန်းက အဖျားကုသနေသည်။ ခန္တာကိုယ်က အားနည်းနေသည့်အတွက် ယဥ်ကျေးမှု  ဗဟုသုတတွေကိုလည်း သင်ရမဲ့အချိန်မဟုတ်သေးဘူး။ ဒါ့ကြောင့် စာမတတ်သူပဲ လုပ်နိုင်သေးပြီး အားလပ်ချိန်မှာ ဝါးစာလိပ်ထဲက စကားလုံးတွေကို ခန့်မှန်းနေသည်။ ရက်အနည်းငယ် ကြာသည့်အခါမှာတော့ အဖေချန်က ညနေ လက်ဖက်ရည်စားပွဲမှာ အကုန်လုံးကို အရှင်မင်းကြီးက သူ့ကို ချင်းရှီးအဆင့်မြှင့်ပေးရုံသာမက ချွှီလင်မြို့စားဘွဲ့ပါ ပေးလိုက်ကြောင်း စိတ်လှုပ်ရှားစွာ ပြောပြသည်။

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now