( 139) ရေကန်ရှည် တောင်ကြား ၃
နျင်းချု နဲ့ ဝူးယူး တို့ က အချင်းချင်း တစ်ယောက် ကို တစ်ယောက် ကြည့်လိုက် ပြီးတော့ နှစ်ယောက် သား က ဒီဟာ က အတော်လေးကို ထူးဆန်း နေတယ်လို့ ခံစား မိလိုက်လေတယ်။
ဘာကြောင့် များ ဒီ နတ်သူငယ် က ရုတ်တရက်ကြီး သူ့အကြောင်း ကို သူ လာပြီးတော့ ကြော်ငြာ ပေး နေရတာ လဲ?
သူတို့ အချင်းချင်း တောင် ကောင်းကောင်း သိကြ လို့လား?
ရှီမန် က ဝူးယူး နဲ့ နျင်းချု တို့ရဲ့ တုံ့ပြန် မှုတွေကို တွေ့လိုက် ရလေတယ်။ ဒါပေမယ့် သူတို့ တွေက မျက်နှာကို မျက်နှာဖုံး စွပ်ထား တဲ့ အတွက်ကြောင့် သူတို့ နှစ်ယောက် က ဘယ်လို အမူအရာမျိုး ရှိနေ သလဲ ဆိုတာ ကို ရှီမန် မမြင်တွေ့ နိုင်ပါပေ။
သူက စတင်ပြီးတော့ သူ့ရဲ့ ဆုံဖြတ်ချက် ချ မှု ကို သံသယ ဝင်လာ ပြီးတော့ နျင်းချုကို ကြည့်ကာ သံသယ ရှိစွာနဲ့ မေးမြန်း လာခဲ့လေတယ်။
'' မင်း က....... နတ်သူငယ် တစ်ယောက် မဟုတ်ဘူး လား? ''
နျင်းချု က တစ်ခဏ တော့ တိတ်ဆိတ် သွား လေတယ်။ ပြီးတော့ မှ ပြန်ပြီး အဖြေ ပေးလိုက် လေတယ်။
'' .....ငါ က မဟုတ် ပါဘူး ''
သူက သူတို့ မျိုးနွယ် စု အတူတူ ပဲလို့ တွေးပြီးတော့ နားလည် မှု လွဲရဲတယ် ပေါ်လေ?
ရှီမန် ခမျာ သူ့ရဲ့ အစိမ်းရင့် ရောင် မျက်လုံးလေး တွေကို ပြူးကျယ်အောင် ဖွင့်ကာ မယုံသင်္ကာ ဖြစ်လျက် ပြောလိုက် လာ လေတယ်။
'' ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာတဲ့လဲ? ငါ မနေ့ တုံးက အကုန်လုံး ကို မြင်တွေ့ လိုက်ရ ပါတယ်။ မင်း သုံးသွားတဲ့ သစ်သားမှော် က အရမ်းကို သန့်စင်လွန်း နေတယ်။ အဲ့ဒါ က အရမ်းကို မယုံနိုင်စရာ ကောင်းလောက် တဲ့ အထိ ဖြစ်နေတာ ပဲကို........''
နတ်သူငယ်တွေ မှာ မှော်စွမ်းအား တစ်မျိုး ပဲ ရှိလေတယ်။ အဲ့တာ က သစ်သား မှော်ပဲ ဖြစ်လေတယ် ။ ပြီးတော့ နတ်သူငယ် တစ်ယောက် ချင်းစီ တိုင်းက လည်း အလွန်အမင်း ကောင်းချီး ပေးခံ ထားရတဲ့ သူတွေ ပဲ ဖြစ်လေတယ်။

ВЫ ЧИТАЕТЕ
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Разноеနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...