အပိုင်း (138)

256 29 0
                                    

(138) ရေကန်ရှည် တောင်ကြား ၂

နဂါးပေါက်စ လေးတွေနဲ့ အခုမှ ဥပေါက်ကာစ နဂါးပိစိလေးတွေကို နျင်းချု က အစာ ကျွေးပြီးတဲ့ နောက် မြို့အစွန် စီကို ထပ်သွားကာ ဘယ်အချိန် သွားပြီး အချိန်မှန် နဲ့ အချိန်မှီ သွား ရမလဲ ဆိုတာ ကို အစီအစဉ် ချ ခဲ့လေတယ်။ ပြီးတော့ ဒီကနေ ဘယ်အချိန် ထွက်ခွာ ရမလဲ ဆိုတာ ကို ရောပေါ့။

တကယ်လို့ ဒီနေ့ မှာသာ တစ်ခုခု ဖြစ်ပွား ခဲ့ရင်တော့ သူတို့ က အချိန် အကြာကြီး သိပ်ပြီး စောင့်ဆိုင်း နေလို့ မရ တော့ပဲ နဂါးတွေကို အတက်နိုင်ဆုံးညမြန်မြန်လေး ကယ်ထုတ် ရတော့ မှာ ပဲ ဖြစ်လေတယ်။

အိမ်မှာ ကျန်နေခဲ့မယ့် နဂါးပေါက်စ တစ်အုပ်ကို ကြည့်လိုက် ပြီးတော့ နျင်းချု က အောက်ထပ် ကို ဆင်းကာ မှော်ပစ္စည်း ဝယ်ယူ ရောင်းချ ရေး ဆိုင်လေး တစ်ခု ကို သွားလိုက် ပြီးတော့ ဆက်သွယ်တဲ့ စကားပြောစက် လေး နှစ်ခု ကို ဝယ်ခဲ့ လေတယ်။

ထို ဆက်သွယ်ရေး စက်လေး တွေက အဲ့တာ ပေါ်မှာ ရိုက်နှိပ်ထားတဲ့ ပုံစံ တူ မှော် စာလုံး ရှိတဲ့ ဆက်သွယ်ရေး စက်လေး ကိုပဲ လှမ်းပြီး ချိတ်ဆက် လို့ ရတာ ပဲ ဖြစ်လေတယ်။

နျင်းချု က ရည်ရွယ်ချက် ရှိစွာနဲ့ ဝယ်ယူခဲ့တာ ဖြစ်လေတယ်။ ထိုထဲက  တစ်ခု ကို သူ့ကိုယ် ပေါ်မှာ ယူသွား ပြီးတော့ ကျန် တစ်ခု ကို နဂါးပေါက်စ​ အုပ်စု မှာ ချန်ထား ပေးခဲ့ မလို့ပဲ ဖြစ်လေတယ်။

ချက်ကျောင်း က လူတွေကို သူတို့ကိုင်တွယ် ပြီးတဲ့နောက် တည်းခိုဆောင် ကို ပြန်ဖို့ အချိန် မရတဲ့ အခိုက် အတန့် အတွက် သုံးဖို့ ပဲ ဖြစ်လေတယ်။ သူတို့ က ပြန်လာ မရရင် ဒီ ဆက်သွယ်ရေး စက်ကလေး ကို အသုံးပြု ပြီးတော့ ကျန်နေခဲ့တဲ့ နဂါးလေး တွေကို ဆက်သွယ်ကာ ဘယ်နေရာမှာ သူတို့ တွေ့ကြ မလဲ ဆိုတာ ကို ချိန်းဆို ဆွေးနွေး လို့ ရလေတယ်။

အဲ့ဒါ က ပိုပြီးတော့ အဆင်ပြေ တယ်လေ။ ပြီးတော့ သူတို့ တွေ အရမ်းကြီး ဝေးကွာ ပြီး အဆက်အသွယ် ပျက်နေ စရာ မလိုတော့ ဘူးပေါ့လေ။

နျင်းချု က ဝူးယူး ကို အနောက်မှာ ချန်ထား ခဲ့ချင်တာ ပဲ ဖြစ်တယ်။ အဲ့တာ မှ လူသား တွေရဲ့ ဘာသာ စကားနဲ့ သူ့ကို ပြောမယ့် တစ်စုံ တစ်ယောက် ရှိမှာ ပဲဖြစ် လေတယ်။ 

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Nơi câu chuyện tồn tại. Hãy khám phá bây giờ