အပိုင်း (52.3)

66 18 1
                                    

(52.3)

ကျောက်ချင် တံခါး ဝ မှာ ရပ်နေ ပြီးတော့ လာရောက်တဲ့ ဧည့်သည်တွေ မှန်သမျှကို နှုတ်ဆက် နေ ခဲ့လေတယ်။

တိကွမ်းကျု ကလည်း အခြေအနေ တွေ  ကို ကူပြီး အစီအစဉ် တကျ ဖြစ်စေ ဖို့ရာ အတွက် သူ့ရဲ့ နောက်လိုက် ညီငယ်လေး တွေကို ခေါ်ပြီး လာရောက် အားဖြည့် ကူညီ ပေးကြ လေတယ်။

ဒီနေ့ မှာတော့ သူတို့ မျှော်လင့်ထား သမျှထက် ပိုပြီးတော့ ရောက် လာကြ တယ်လေ။

လောင်းကစား ရုံ က နောက်လိုက် ညီလေး တွေ အကုန်လုံး ခမျာ လူကောင်း သူကောင်း လိုမျိုး ဝတ်စား ဆင်ယင်ပြီးတော့ စားပွဲ လာထိုးကူ ၊ ဧည့်ကြို လာကူ တာပဲ ဖြစ်လေတယ်။

'' အကို တိ က ရိရှန်း ရဲ့ အစားအစာ တွေကို မစား ဘူးသေးဘူး ။ အဲအတော့ ကျုပ် ဒီနေ့မှာ ညီကို တွေ အတူတူ စားရ အောင် စားပွဲ တစ်ဝိုင်း ပြင်ပေး မယ်ဗျာ ''

တိကွမ်းကျု က လည်း တံခါး ဘေးမှာ ရပ်နေတာ ဖြစ်ပြီးတော့ ကျောက်ချင် ပြောတာ ကို ကြားတော့ ပြန်ပြုံး ပြလိုက် လေတယ်။

'' မင်း က ဒီဟာကို အရင်ကတည်း က ပြင်ထား ပြီးသား ကိုး ။ မင်းရဲ့ ဘာဘီ ကျုး ဆိုင်လေး ပိတ်သွား ရတဲ့ အချိန် တုံးက ဆို ငါက အရမ်းကို စိတ်မကောင်း ဖြစ်မိပြီးတော့ မင်းကို လောင်းကစား ရုံ ရဲ့ ဒုတိယ လောင်ပန် အဖြစ် တကယ် ရာထူး ပေးချင်ခဲ့တာ ကွ၊ အခုတော့ မင်းက ဒီလောက်ကြီး တဲ့ ဆိုင် ကိုတောင် ကောက်ဖွင့်လိုက်တယ်။  ''

'' တကယ်လို့ ကျုပ်မှာ ငွေ ရှိရင်တောင်ဘာကြောင့် များ ငွေထက် ပြီး မရှာရမှာလဲဗျာ။ ပြီးတော ချွီ မိသားစု ကို ဘာလို့ ဒီ အတိုင်း လွှတ်ထား ပေးရမှာလဲ။ သူနဲ့ ဘယ်အချိန် ဘယ်လို ယှဥ်ပြိုင် ရမလဲ ဆိုတာ တွေးမိတယ်။ အကြွေးဟောင်း တောင် စာရင်း မရှင်းရ သေးဘူးလေ။ ချွီ မိသားစု က ချက်နည်း ကို အတု ခိုးပြီး ဖွင့်ပေ မယ့်လည်း သူ့တို့ က အကျိုး အမြတ် တွေ အများကြီး မရ နိုင်ဘူးလေ။ ''

သူ စကားပြော ပြီးတာနဲ့ ချွီ ဖုရှန်း က လူလုံး ထွက်ပြ လာပြီးတော့ ဧည့်သည် တွေနဲ့ အတူတူ ရောနှောကာ ဆိုင်သစ် ထဲကို ဝင်ချင် နေခဲ့ လေတယ်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

တံငါသည် (BL) Where stories live. Discover now