"အာ....."
"အချစ်ရေ..မင်းဆီကိုကိုယ်လာပြီ..."မင်္ဂလာဦးညမှာမူးပြဲနေသည့်သတို့သားလောင်းကိုကြည့်ပြီး..သူမဆွံအနေရ၏...ဒီနေ့မင်္ဂလာဦးညဆိုတာကောသိသေးရဲ့လား..ငါတိုင်ပင်စရာတွေအများကြီးရှိနေတယ်လေ...နင်ဘာလို့မူးလာတာလဲ..ခုတော့ကြည့်စမ်း..ဒီလိုပုံစံနဲ့..ဘယ်လိုအားကိုးရတော့မလဲရှင့်ကို...
ဒီကိစ္စဘယ်လိုရှင်းရမလဲ..ဘယ်လိုရှင်းရမလဲ...ပါးစပ်ထဲလက်ကိုက်ကာစဉ်းစားခန်းဝင်နေပါသည့်ဝိုလျန်း..သူမခါးကိုမြဲမြံစွာဖက်လာသည့်..လက်အစုံကြောင့်တောင့်တင်းကာအေးစက်သွားရသည်...ပုခုံးပေါ်မေးတင်ကာတင်းကျပ်စွာဖက်ထားတာကလွှတ်ထွက်သွားမှာစိုးသည့်အလား..ဒါ...ဒါက..."အချစ်လေး..မင်းသိလား..ကိုယ်ဟာ..သူများအမြင်မှာတော့ဟိတ်ကြီးဟန်ကြီးနဲ့တည်တဲ့သူဖြစ်လိမ့်မယ်..မင်းအပေါ်မှာတော့..ကိုယ်ဟာ..အကြင်နာတတ်ဆုံးလူသားတယောက်ပဲဖြစ်ချင်တာ..ကိုယ့်မယ်တော်ကပြောခဲ့တယ်...နှလုံးသားတစုံကိုရဖို့နှလုံးသားတစုံကိုပဲအရင်းအနှီးပြုရမယ်တဲ့..ဒါကြောင့်..ကိုယ်ဟာ..မချစ်တတ်သူကြီးသွေးအေးသူကြီးဖြစ်ခဲ့တာ..ဒါပေမဲ့..မင်းလေးကိုမြင်ပြီးနောက်မှာတော့..ကိုယ်သိလိုက်တယ်..မင်းဟာကိုယ့်အပိုင်ပဲ..ကိုယ်တရားဝင်မိဘုရားပဲ..လို့..ဒါကြောင့်..ကိုယ့်ကိုမထားခဲ့နဲ့..သစ္စာမဖောက်နဲ့...ကိုယ်နဲ့တသက်လုံးအဖော်ပြုပြီးနေပေး...ကိုယ်နဲ့တူတဲ့ကလေးတွေရော..မင်းနဲ့တူတဲ့ကလေးတွေရော..အများကြီး..အများကြီးမွေးပေးပါနော်...ချစ်တယ်
အရမ်းချစ်တယ်..အချစ်ရယ်..."စကားတွေအများကြီးပြောပြီး...တိတ်သွားတဲ့ယူရီကြောင့်..တိတ်တိတ်လေးခိုးကြည့်လိုက်တော့..မျက်လုံးမှိတ်ကာအိပ်ပျော်နေသည်...ဟမ်နေဦးလေ..အချိုတွေကျွေးပြီး..အိပ်မပျော်အောင်လုပ်ပြီးတော့မှ..ငါ့ကိုဒီလိုကြီးထားခဲ့တယ်...အင်း..ဒါလဲကောင်းတာပဲ..ငါ့ရဲ့ခံနိုင်ရည်..လစ်မစ်ထိရောက်မလာတော့ဘူးပေါ့...
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...