40.ယဇ်ပူဇော်မယ်တဲ့လား
ရေဘုရင်က ခနတော့တိတ်ဆိတ်သွား၏ သူကအလေးအနက်စဉ်းစားနေပေမဲ့ ဘာနည်းလမ်းမှမရှိတာထက်စာရင်တော့မကောင်းဘူးလား ရက်စက်တဲ့နည်းလမ်းဆိုတော့လဲ ဘာဖြစ်လဲ ရေတိုင်းပြည်တခုလုံးကောင်းစားဖို့ပဲကို
"အင်း သားကို ပြောပြပေးပါ လျန်းလျန်း ဘာမှမတတ်နိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ်နည်းလမ်းမရှိတာထက်စာရင်တော့ကောင်းတာပေါ့ "
"ဟုတ်ပြီလေ လူအရှင်တယောက်ကိုယဇ်ပူဇော်ရမယ် "ဘာ ယဇ် ယဇ်ပူဇော်မယ်တဲ့လား ဒီနည်းလမ်းကြီးကတကယ်ရောဟုတ်ရဲ့လား
အမတ်တသိုက်ကတွေးလိုက်မိပေမဲ့ထုတ်မပြောရဲကြဘူး သူတို့အထွန့်တက်မယ်ကြံတိုင်း သူတို့ဘုရင်ရဲ့မျက်စောင်းတွေချည်းရနေတာမို့ ငြိမ်ကုပ်ေနကြရတယ် သူတို့လဲ သိချင်တာပေါ့ ကောင်မလေးငယ်ငယ်သေးသေးလေးက ရေဘုရင်မဘွဲ့ယူထားပြီး အစွမ်းအစရှိလားမရှ်ိဘူးလားဆိုတာကိုပေါ့"ဟုတ်တယ် သူအသက်ရှိစဉ်မှာ သူ့ခန္ဒကဝိဉာဉ်ခုနှစ်ပါးကိုခွဲထုတ်ရမယ် ပြီးတော့ အဲ့ဒါကိုဒီအဖူးလေးထဲထည့်ပေးရမှာ အဲ့ဒါဆို ယုဟန်ရဲ့ကျန်နေတဲ့ဝိဉာဉ်နှစ်ပါးနဲ့ပေါင်းပြီး ရေနက်ပင်ကကိုယ်ဝန်ဆောင်နိုင်မယ် အချိန်တခုရောက်ရင် ယုဟန်အသစ်မွေးဖွားလာလိမ့်မယ် အဲ့လိုကိုယ်ဝန်ဆောင်နေတဲ့အတောအတွင်းမှာ ရေတိုင်းပြည်မှာအပြောင်းအလဲရှိမှာမဟူတ်လို့စိတ်ပူစရာတော့လိုမှာမဟုတ်ဘူး ဒါေပမဲ့
ဝိဉာဉ်ခွဲထုတ်ခြင်းဖြစ်စဉ်ဟာလူရှင်တယောက်အတွက်အရမ်းကိုနာကျင်လွန်းလို့ ယဇ်ပူဇော်တာကိုမလုပ်ခဲ့တာကြာနေပြီ "ဝိုလျန်းပြောစရာရှိတာပြောပြီးတော့ သလင်းကျောက်အေဆာင်ကိုပဲတန်းလာလိုက်တော့တယ် သူမအားလုံးပြောပြပြီးပြီ ဆုံးဖြတ်တာကတော့သူတို့လုပ်ရမှာ ရေတိုင်းပြည်မကျဆူံးအောင်တော့သူတို့ဆုံးဖြတ်ကြမှာပါ
.............................................................
ဝိုလျန်း သလင်းကျောက်အဆောင်ကိုပြန်ရောက်လာတော့မှောင်နေပြီ
အထဲကိုလဲမဝင်ချင်သေးတာနဲ့ အရှေ့ကစကြင်္ မှာလမ်းလျောက်နေမိတယ်
သူမကဘယ်လိုပဲတခြားသူတွေရှေ့မှာရဲရင့်နေပါစေ ယူရီရှေ့ရောက်သွားရင်တော့ ကိုယ့်ကိုအားနည်းသွားတယ်လို့ခံစားပြီး သူ့အပေါ်ကိုမှီခိုချင်လာတယ်
တနေ့တနေ့အဲ့ဒီစိတ်ကြီးကြောင့်အနှောင့်အယှက်ဖြစ်နေရပြီးကျင့်သားမရနိုင်သေးဘူး ဒါကအရင်ဘဝတုန်းက သူမတယောက်ထဲနဲ့အရမ်းကိုအထီးကျန်ခဲ့တာကြောင့်ဖြစ်မယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...