80.လီယူရီနဲ့လီဖေးဟုန်တို့ရဲ့စကားစစ်ပွဲ

2.8K 129 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(80) လီယူရီနဲ့လီဖေးဟုန်တို့ရဲ့စကားစစ်ပွဲ

"အိုး တူတော်မသိသေးဘူးကိုး ရှောင်လျန်းအာက တချိန်တုံးက ဒီဦးရီးတော်ရဲ့ကာဒရွန်(sexဖြင့်အတွင်းအားကျင့်ဖော် )ဖြစ်ခဲ့တာလေ ဟားဟားဟား သူမနာကျင်တဲ့အခါတိုင်းငိုတတ်တာလေးကိုသတိတောင်ရနေသေးတာ "

ယူရီ အံကြိတ်လိုက်မိပြီ ဒေါသတွေဆူဝေပြီး လက်များဒူးများပါအငြိမ်မနေနိုင်တော့ပဲတုန်ခါလာကြပြီ

ဒါပေမဲ့ သူလက်ကိုဖိကာတင်းတင်းဆုပ်လိုက်တယ်

ဘယ်သောအခါမှ သူရဲ့လျန်းအာလေးကိုအပြောခံခဲ့တာမဟုတ် အခုလိုပြောတဲ့‌ေကာင်ကိုလဲ စိစိညက်ညက်ကြေအောင်ကိုသတ်ပစ်လိုက်ချင်တာ
ဒါပေမဲ့ ဒီကောင်က င့ါထက်ကျင့်ကြံဆင့်ပိုမြင့်ပြီး ငါ့ထက်လဲလည်တယ် လျန်းအာကလဲ‌ကလေးလေးကိုလွယ်ထားရတာ ငါအရမ်းလုပ်လို့မဖြစ်ဘူး

ယူရီအံကိုပိုပြီးတင်းတင်းကျိတ်ကာ စိတ်လျေ့ာလိုက်တယ်

အံကြိတ်ရလွန်း‌၍မေးကြောများပါထောင်လာလေပြီ သို့သော် သူရဲ့အလွန်ဖြစ်မှာစိုး၍ ဟန်ဆောင်ရယ်‌ေမာလိုက်ကာ

"ဟားဟားဟား ဦးရီးတော်က တကယ်အရှက်မရှိတာပဲ အဟမ်း ဟုတ်ပါပြီလေ ဒါပေမဲ့ လျန်းအာရဲ့အချစ်တွေကိုရထားတဲ့သူကလဲ ဒီတူတော်ပါပဲ လျန်းအာရွေးချယ်ထားတာလဲ ဒီ‌တူတော်ပါပဲ ပြီးတော့ ဒီတူတော်ကအချစ်နဲ့ပဲသက်သက်ညှာညှာချစ်တတ်လို့ ဒီတူတော်ကြင်နာတဲ့အခါတိုင်း(အတူနေတဲ့အခါ) ဘယ်တော့မှမငိုဖူးပါဘူး ဪပြီးတော့ ဖန်းလီအင်ပါယာတစ်ခုလုံးကလဲ ဒီတူတော်ရဲ့တစ်ဦးတည်းသောမိဘုရားဆိုတာကိုသိကြပါတယ်"

လီဖေးဟုန်တယောက် ဘယ်တော့မှမငိုဖူးဘူးဆိူတဲ့စကားကြားလိုက်ရတော့ သူ့နားကိုပင်သူမယုံနိုင်
ဘယ်လောက်ပဲ အပြင်မှာမာကျောနေပါစေ သူ့နဲ့ဆက်ဆံတဲ့အခါတိုင်း ငိုတတ်တဲ့ရှောင်လျန်းအာက မငိုဘူးတဲ့လား

"မဖြစ်နိုင်လိုက်တာ သူမကိုရယူလိုက်တိုင်းအမြဲငိုနေခဲ့တာ ကျိန်းသေပါတယ် "

ယူရီတယောက် ဒေါသထွက်လာရလွန်းလို့ မျက်နှာတွေပါနီရဲလာကာ အသက်ရှူတွေတောင်မြန်လာရပါတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWo Geschichten leben. Entdecke jetzt