အပိုင်း (87)နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ခြင်း
"မကောင်းတော့ဘူး သခင်မဝိုလျန်းမရှိတော့ဘူး ကူးလင်းတောင်တန်းကကျူးကျော်ခံလိုက်ရပြီ "
ဂိုဏ်းတွင်းက ဂိုဏ်းသားအငယ်လေးတယောက်အမောတကောဝင်လာပြီးတင်ပြလိုက်ပါတယ်
ဝိုလျန်းပျောက်သွားပြီဆိုတဲ့သတင်းက ယူရီနားထဲရောက်သွားတဲ့အချိန် အစည်းအဝေးခန်းမထဲအပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်သွားပါတော့တယ်
တခန်းလုံးအေးစက်သွားပြီး ရေငွေ့များအုပ်ဆိုင်းလာကာ ရေများခဲလာကြပါတယ် ယူရီလဲအံကြိတ်ထားပြီး သူရဲ့ဒေါသဖြစ်မူ့ကို ထိန်းမထားတာကြောင့် အကြီးအကဲအကုန်လုံးထိတ်လန့်သွားကြပါတယ်
မီးရေခဲဂိုဏ်းအကြီးအကဲကထပြီး စကားပြောတော့မဲ့အချိန်မှာ ယူရီရဲ့ဒေါသမျက်ဝန်းနဲ့ရင်ဆိုင်လိုက်ရလို့ ငြိမ်ကုတ်သွားပါတယ်
သူတို့ဆက်ခံသူရဲ့ဒေါသ သူတို့လဲရင်မဆိုင်ရဲဘူးလေ
"ချန်းလေးခေါ်လာခဲ့"
ယူရီပြောလိုက်တာနဲ့ အရိပ်ကိုယ်ရံတော်တယောက်လျင်မြန်စွာပျံသန်းသွားတာကိုပဲမြင်လိုက်ရပါတယ်
ယူရီရဲ့နောက်မှာလဲကြောက်စရာအင်အားစုရှိနေတာသိပေမဲ့ အနက်ရောင်ဝတ်ကိုယ်ရံတော်ရဲ့လျင်မြန်မူ့ကိုရိပ်ခနဲတွေ့လိုက်ရတဲ့အချိန်မှာ သူတို့အားလုံးအံဩသင့်သွားကြရပြန်ပါတယ်
ဝိုလျန်းတယောက်သာ အင်အားရှိတာမဟုတ်ပဲ တချိန်လုံးငြိမ်သက်နေခဲ့တဲ့ယူရီမှာလဲ ပုံမှန်မဟုတ်တဲ့အင်အားနဲ့စွမ်းအားတွေရှိနေတယ်ဆိုတာသိလိုက်ရပါတယ်
ခနအကြာမှာ ချန်းလေး လောပေါ်နဲ့ ရေဘုရင်တို့ ခန်းမထဲရောက်လာပြီး စိုးရိမ်နေတဲ့မျက်နှာလေးတွေကိုယ်စီနဲ့ ယူရီကိုမေးခွန်းအပြည့်ပါတဲ့ မျက်ဝန်းများနဲ့စိုက်ကြည့်နေကြပါတယ်
ယူရီရဲ့ဒေါသထွက်နေတဲ့အေးစက်စက်ပုံစံကို တွေ့ပေမဲ့လဲ ရေဘုရင်တယောက်မကြောက်ပဲ ခနဲ့လိုက်ပါတယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...