73.zgi

1.4K 63 3
                                    


အပိုင်း (73) ဂိုဏ်းအကြီးအကဲများရောက်ရှိလာ

"ပန်းနက်ဂိုဏ်းက စုစုပါ"
"ငါက မင်းဟို ဇာမဏီရေခဲဂိုဏ်းက"
"သင်ပြပေးပါဦး"
"ကြွပါ"

တယောက်နဲ့တယောက်နှုတ်ဆက်လိုက်ပြီး မလှမ်းမကမ်းမှာနေရာယူလိုက်ကြတယ် မင်းဟိုက လှံကိုင်သမားမို့ အဝေးကပဲတိုက်ခိုက်မှာဖြစ်ပြီး စုစုကတော့ဓားသမားဖြစ်တာကြောင့် အနီးကပ်ရင်ဆိုင်ရမှာဖြစ်တယ်

စုစုက သူမရဲ့နဂါးရစ်ပတ်ထားတဲ့လက်စွဲတော်ဓားကိုထုတ်လိုက်ပြီး ဓားကိုအောက်စိုက်ထားကာ ရပ်နေ‌တယ် သူမနဲ့စာရင် မင်းဟိုက လူကောင်ကြီးမားပြီး အရပ်လဲရှည်တာကြောင့် စုစုက မင်းဟိုရှေ့မှာတော့ တကယ့်ကိုသေးသေးလေးဖြစ်လို့နေတယ်

မင်းဟိုက လှံကိုမြောက်ကာ ကြမ်းပြင်ကိုရိုက်လိုက်ပြီး စတင်တိုက်ကွက်ဆင်လိုက်တယ် စုစုက နေရာမှာတင်ရပ်နေပြိး မလှုပ်မယှက်သာရှိတယ်

မင်းဟိုနဲ့သူမက ကျင့်ကြံဆင်တူညီတယ်ဆိုပေမဲ့လဲ မင်းဟိုက အကောင်ကြီးတော့ နိုင်ဖို့အခွင့်အရေးပိုများတယ် လူတွေက တီးတိုးတီးတိုးနဲ့သူမရှုံးပြီလို့ပြောနေကြတဲ့အချိန်မှာ
စုစုက သူမရဲ့ဓားကိုမြောက်ကာ ဝင်လာတဲ့အတွင်းအားလှိုင်းများကိုခုခံလိုက်ပြီး  သူမရဲ့ဓားကိုတချက်လွဲခုတ်လိုက်တာကိုပဲသူတို့မြင်လိုက်ရတယ်

"ငါရှူံးပြီ"

ဘာ....

ဓားကွက်လို့တောင်မခေါ်နိုင်တဲ့သိုင်းကွက်ထုတ်လိုက်တာနဲ့ မင်းဟိုက စင်ထောင့်ကိုလွင့်ပျံထွက်သွားပြီး သွေးအန်လိုက်ရတယ်တဲ့လား

ဘယ်လိုတွေလား ကောင်းကောင်းတောင်မမြင်လိုက်ရဘူးလေ

ပရိတ်သတ်တွေနားမလည်ဖြစ်သွားကြတယ် သူမရှူံးမယ်လို့ထင်ထားခါမှ သူမနိုင်သွားပြီ ပြီးတော့ တကွက်ထဲနဲ့ ရှုံးသွားတယ်တဲ့လား

မိုက်တယ်ကွာ

ဆရာမကြီးပဲဟေ့

တကွက်ထဲနဲ့ရှုံးသွားတာကွ

မင်းဟိုက သူမရဲ့အတွင်းအားကိုဓားချက်မှာထည့်လိုက်တယ်ဆိုတာသိတဲ့တဦးတည်းသောသူပါ သူမသာ အတွင်းအားကို အပြည့်ထည့်သုံးလိုက်မယ်ဆိုရင် သူဘယ်လိုသေသွားမှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး ပြောရမယ်ဆို စုစုကသူ့ကိုညှာတာခဲ့တာလို့ပဲပြောရပါ့မယ် သူကျေးဇူးတင်စွာ လက်နှစ်ဖက်ကိုဆုပ်ပြီး ဂါရဝပြုလိုက်ပါတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWo Geschichten leben. Entdecke jetzt