၇၇.

1.4K 66 0
                                    


အပိုင်း(77.) သူမမှလွဲ၍

"ငါ့သခင်မကလွဲပြီး ကျန်တာတွေကိုမိန်းမလို့မမြင်ဘူး "

ထိုသို့အ‌ပြောခံလိုက်ရ‌သောနတ်မိမယ်လေးမှာဒေါသများထွက်ရလွန်းလို့မျက်နှာတွေပါနီရဲနေပေပြီ

"ဟေး ကျွန်မကိုချစ်တဲ့သူတွေမှအများကြီးပဲနော် အဲ့တာ‌ကိုတောင်မိန်းမလို့မမြင်ဘူးဆိုတော့ ရှင်ကန်းနေတာပဲဖြစ်ရမယ်"
"မမြင်တာမဟုတ်ဘူး မတွေ့တာ "

ယူရီက ပြောပြီးတာနဲ့ ပြန်ဆင်းဖို့လုပ်တော့ သူမကထပ်တခါတားပြန်လေတယ်

ယူရီကစိတ်ရှုပ်ထွေးစွာဖြင့် စုတ်တချက်သပ်လိုက်ပြီး

"မင်းဘာဖြစ်ချင်နေတာလဲ"
"ကျွန်မကိုတောင်းပန်"
"ကောင်းပြီလေ မင်းငါ့ထက်ရှည်လာတဲ့နေ့မှပြန်ပြောကြတာပေါ့"
"ရှင် ရှင်"

ဝိုလျန်းအံဩနေတယ် ပုံမှန်ဆိုယူရီကအဲ့လိုဆတ်ဆတ်ထိမခံမဟုတ်ဘူး ခုလိုမျိုးသူ့မှာ လှပတဲ့တဖက်ခြမ်းလဲရှိသေးတယ်ပေါ့

သူမကရယ်ချင်စိတ်ကိုမျိုသိပ်လိုက်ကာ  ချိုသာစွာပြောလိုက်၏

"ဟွာလေး မရိုင်းရဘူးလေ"
"ကောင်းပါပြီ"

ယူရီက နတ်မိမယ်လေးကိုဂရုမစိုက်ပဲပျံသန်းလာရာ လမ်းတဝက်တွင်ထပ်မံတားဆီးခံလိုက်ရ‌ပြန်တယ် ယူရီကိုတားလိုက်တဲ့သူတွေကအခြားမဟူတ်ဘူး အလင်းမြို့တော်ဂိုဏ်းမှနတ်မိမယ်လေးများဖြစ်ပြီး သူမတို့ငါးယောက်‌တောင်ဖြစ်တယ်

"ရှင်က ရှစ်မေ့(ဂိုဏ်းတူညီမ)ကိုစော်ကားတယ် ရှင့်အသက်ကိုထားခဲ့"

ယူရီကစိတ်ပျက်စွာကြည့်လိုက်ပြီး

"မိန်းမတွေများ ဆောက်လုပ်ကိုရှုပ်တယ် ကိုယ်နဲ့မဆိုင်တာတောင် အချောင်ဝင်ပါချင်ကြသေးတယ် "
"ဟေးးး ရှင်ဘယ်သူ့ကိုပြောတာလဲ"
"မင်းတို့ကိုလေ လူလိုပြောတာတောင်နားမလည်ဘူး ငါဘယ်လောက်‌တောင်ကံဆိုးလိုက်သလဲ"
"ရှင် ရှင် သေဖို့သာပြင်ထား"

သူမတို့အားလုံးတယောက်ထည်းလိုစုလိုက်ကာ လက်များအချင်းချင်းဆက်နွယ်ကာ အရှေ့ဆုံးကတယောက်ကိုအတွင်းအားများပို့လွတ်လိုက်တယ်
အရှေ့ဆုံးကနတ်မိမယ်လေးက ယူရီကိုအားကြီးတဲ့အလင်းတန်းငါးခုနဲ့ဆက်တိုက်ပစ်နေပြီး တိုက်ခိုက်နေကြတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now