43.zgi

2.5K 117 2
                                    


43.လီဖေးဟုန်

ကောင်းပြီလေ ငါ့ရဲ့ဓားကိုလက်ဗလာနဲ့ဖမ်းရဲတယ်ပေါ့ ဟားဟားဟား အခုတခါတော့ဘယ်လိုရှောင်တိမ်းမလဲကြည့်လိုက်ဦးမယ်
အသေဆိုးနဲ့ကိုသေမဲ့ကောင်

"အာဟာ့ မင်းလေးပြုံးနေတာပဲ ဘာလဲကိုယ့်ကိုချစ်မိသွားပြီမလား ကောင်းတယ် ကောင်းတယ် အဲ့ဒီပုံဆိုးပန်းဆိုးနဲ့ကျင်သရေမရှိတဲ့လီယူရီလိုကောင်နားမှာနေတာထက်စာရင် ကိုယ်တော့်ကိုခစားနေတာကမှမြတ်လိမ့်ဦးမယ် ဟုတ်တယ်မလား"

ဘယ်လိုတောင်ကိုယ့်ဘာသာကိုယ်ယုံကြည်မူ့မြင့်နေရတာလဲ ရူးများနေတာလားမသိဘူး

"ဒီမှာ ဒီမှာ ယူရီက ရှင်ပါးစပ်ကထွက်ရမဲ့သူမဟုတ်ဘူး သူကရှင့်ထက်အပုံကြီးသာတယ် ဟမ့် နောက်ထပ်သူ့အကြောင်းပြောရဲရင်ရှင့်လျာကိုတကယ်မဖြတ်ရဲဘူး
မထင်နဲ့ "
"အားရိုးရိုး အထိကိုမခံပါလားနော် အိပ်ယာပေါ်မှာဘယ်လောက်တောင်စွမ်းဆောင်နိုင်ပါလိမ့် သိချင်မိတယ် ဒါပေမဲ့ ကိုယ့်လောက်တော့စွမ်းမှာမဟုတ်ဘူး အဲ့ဒါကိုမင်းလေးယုံထားလိုက်"

ဝိုလျန်း ရုတ်တရက်ကြီး သူမရဲ့အတွေးထဲကို ယူရီရဲ့အက်ရှ‌နေတဲ့မောဟိုက်သံတွေ ယူရီရဲ့အင်အားကြီးမူ့ ကြမ်းတမ်းမူ့တွေနဲ့ သူမရရှိခဲ့တဲ့သာယာမူ့တွေ ပြန်လည်အမှတ်ရမိသွားတော့ သူမမျက်နှာလေးရဲသွားရပါတယ်

ဒါကြောင့် သူမရှက်သွားပြီး ရှေ့ကလူကိုစိမ်းစိမ်းဝါးဝါးကြည့်လိုက်ပြီး

" ရှင့်ရဲ့ပေါက်တတ်ကရအပြောတွေကိုလျော့စမ်း လာခဲ့ နောက်တကွက်တိုက်ကြမယ် "

လက်နောက်ပစ်ကာ သူမကိုစနေတဲ့အဲ့ဒီလူကိုအမှုန့်ကြိတ်ချင်နေပါပြီ ပြီတီတီမျက်နှာထားနဲ့ ပါးစပ်ကပေါက်တတ်က‌ရပြောတဲ့အပြင်ကို သူရဲ့မျက်လုံးတွေကသူမရဲ့ပြန်စီးထားတဲ့ဝတ်ရုံတွေပေါ်မှာဝဲနေတာကြောင့်

"ရှင် ကြည့်ရဲတယ်ပေါ့ သေဖို့ပြင်ထား"

သူမရဲ့အကျော်ကြားဆုံးပန်းမိုးရွာသိုင်းကွက်ကိုထုတ်လိုက်ပြီး စတင်တိုက်လိုက်ပါတယ် သူမအတွင်းအားကိုစုလိုက်ပြီး အဲ့လူဆီကိုပစ်လွှတ်လိုက်ကာ အလင်းဓားပျံနောက်ကနေပျံသန်းကာ အဲ့ဒီလူရဲ့သေကွင်းသေကွက်ဆီကိုဦးတည်သွားလိုက်ပါတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWo Geschichten leben. Entdecke jetzt