33.zgi

4.7K 139 0
                                    


33.ပြီးမှပြော

ဝိုလျန်းကထလိုက်ပြီး

"ယဲ့ဖိုးဖိုး"
"လျန်းအာ ငါ့သမီးလေး နောက်ဆုံးတော့ရေတိုင်းပြည်ကိုပြန်ရောက်လာပြီပေါ့ "

ဝိုလျန်းက ဒူးထောက်ကာအရိုပြုရန်ဒူးညွတ်လိုက်သော်လည်း ယဲ့ဖိုးဖိုးကအလျင်အမြန်တားလိုက်ပြီး

"ဘုရင်မကဘယ်သူတဦးတယောက်ကိုမှဂါရဝပြုစရာမလိုပါဘူးကွယ် "
"ယဲ့ဖိုးဖိုးကလဲ သမီးကဘုရင်မနေရာကိုစွန့်လွှတ်လိုက်တာကြာပါပြီ "
"ဒါပေမဲ့ အဲ့ဒီနေရာက အခုချိန်ထိအလွတ်ပါကွယ် သမီးကလွဲပြီးအဲ့နေရာကိုဆက်ခံဖို့ဘယ်သူကမှမရဲကြဘူး အားလုံးရဲ့စိတ်ထဲမှာသမီးကသာထာဝရရေတိုင်းပြည်ရဲ့တဦးတည်းသောဘုရင်မပဲ"

မုန့်လုံးလေးနှင့်သူအမေနှစ်ယောက်စလုံးပြုံးကာ

"ဟုတ်တယ် သားတို့ရဲ့ရင်ထဲမှာလျန်းလျန်းကသာဘုရင်မပဲ "

ဝိုလျန်းကမုန့်လုံးလေးခေါင်းကိုပွတ်ပေးလိုက်ပြီး

"အဲ့ဒီနေရာက အရင်ထဲက လျန်းလျန်းနဲ့မသက်ဆိုင်တာလေ ခုမုန့်လုံးလေးကရေဘုရင်ဖြစ်ပြီဆိုတော့ ဘုရင်မနေရာကို မုန့်လုံးလေးရဲ့ကြင်‌ယာတော်ကသာရသင့်တယ် "
"အာ လျန်းလျန်းကလဲ"
"ဘာလဲ ဒါကရှက်သွားတာလား"

ဝိုလျန်းကပြုံးလိုက်ပြီး အစကနေအဆုံးထိပွဲကြည့်ပိရိတ်သတ်လုပ်နေသောတယောက်သောသူကိုခေါ်လိုက်ပြီး

"ယဲ့ဖိုးဖိုး ဒါ ဝမ်ရယ်လီယူရီတဲ့ သမီးကသူ့ရဲ့ကြင်ယာတော်လေ "
"အင်း တွေ့ရတာဝမ်းသာပါတယ်ကွယ် ဒါနဲ့ သမီးလီယူရီလို့ပြောလိုက်တာလား"
"ဟုတ်တယ် သမီးပြောတဲ့တယောက်ပဲသူက"

ယဲ့ဖိုးဖိုးပြုံးကာ‌ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်၏ အရမ်းကိုပြည့်စုံကာခန့်ညားလှသောလူငယ်ကိုကြည့်လိုက်ရင်း
'အင်း နောက်ဆုံးတော့သူမချစ်တဲ့သူရဲ့အနားရောက်အောင်သွားနိုင်ခဲ့သားပဲ ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ် ' ဟုတွေးလိုက်မိ၏

အရင်တုန်းကသူမရဲ့ပုံစံနဲ့အခုပုံစံကအရမ်းကိုကွားခြားသွားပြီ အရင်တုန်းကသူမကိုမြင်ရတာအထီးကျန်ပြီးနာကျင်ဖို့ကောင်းတယ် အခုတော့ လန်းဆန်းပြီးအားပြည့်နေတာပဲ ကောင်းလိုက်တာ
အကောင်းဆုံးပဲ အနဲဆုံးတော့ သူမရဲ့အရင်ဘဝကလိုအဖြစ်ဆိုးတွေဖြစ်မလာတော့ဘူးပေါ့ သနားစရာကောင်းတဲ့ငါ့ရဲ့သမီးလေး ခုတော့သူမချစ်တဲ့သူနဲ့နေနိုင်သွားပြီ ဘယ်လောက်ကောင်းလိုက်လဲ ကောင်လေးကလဲ သမီးလေးကိုအရမ်းချစ်တဲ့ပုံပဲ အကြည့်တွေကအစသိသာလွန်းတယ် နောက်ဆုံးတော့ ငါ့သမီးလေးဘဝပျော်ရွင်ရပြီကောင်းလိုက်တာ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWo Geschichten leben. Entdecke jetzt