52.မျက်နှာဖုံးတပ်ထားတာ

2.5K 155 0
                                    

52.မျက်နှာဖုံးတပ်ထားတာ

"လီဖေးဟုန် "

ယူရီအံကိုကြိတ်ထားလိုက်မိပြီ ကိုယ့်ရဲ့ရန်သူတော်က ကိုယ့်ရဲ့ဦးရီးတော်ဖြစ်နေတာက တော်တော် ဒေါသထွက်စရာကောင်းသည်

လီယူရီ၏ တင်းမာနေသောမျက်နှာထားကိုလီရှိုးယာ(ညီတော် လက်ရှိမင်းကြီး)ကသတိထားမိပေမဲ့ ဘာမှားနေမှန်းမသိ

"ဝါးးးး ဦးရီးတော်က တကယ်ကိုနုပျိုတာပဲနော် အသက်နှစ်ဆယ်လောက်ပဲထင်ရတယ် ဆေးနည်းလေးဘာလေးတောင်ထားမှ"
"ဘာတောင်းမှာလဲ မျက်နှာဖုံးတပ်ထားတာကိုလား "

လီရှိုးယာက ရိုးသားစွာပြောလိုက်သော်လည်း လီယူရီကမဲ့လိုက်၏ သူစိတ်ထဲမသင်္ကာစရာအနံ့ရနေပေမဲ့ ဘာလဲတော့မသိ အောင့်‌သက်သက်ကြီးဖြင့်နှုတ်ဆက်လိုက်ရကာ အေးစက်နေသောအရှိန်အဝါပါလွတ်ထားတာကြောင့် ပတ်ဝန်းကျင်ရှိလေထုကအေးစက်နေပေသည် အစေခံနှင့်ကိုယ်ရံတော်များမှာနောက်ကျောတွင်ချွေးအေးများထွက်နေပြီး ကြောက်လန့်နေကြသည်

လီဖေးဟုန်ကမိန်းမချောချောသည်ဟုပြော၍ရပြီး သူပြုံးလိုက်တိုင်းမိန်းမချောများအသည်းကိုကိုင်လှုပ်နိုင်ပေသည် ကံဆိုးစွာဖြင့်အဲ့ဒီထဲမှာဝိုလျန်းတော့မပါပေ

လီဖေးဟုန်က လီယူရီကိုမှတ်မိသွားဟန်ပြ‌ေသာ်လည်း လီရှိုးယာကို‌ေတာ့ပွေ့ဖက်နှုတ်ဆက်လိုက်၏
သူကလီယူရီကိုအဖက်ပင်မလုပ်ပေ
ဦးရီးတော်ဟူသောအရှိန်အဝါကိုပြသချင်ဟန်တူသည်
လီယူရီကတချက်မဲ့လိုက်ပြီး လီယူရီအဆောင်တော်သို့ပြန်သွားလိုက်၏ ထိူသို့သောသူကိုဦးရီးတော် တော်ထားရတာပင်လွန်လှပြီ အောက်ကျို့ပြိးတော့များခေါ်ရပြောရဦးမတဲ့လား နေလိုက်ပါတော့
အရင်ငယ်ရွယ်စဉ်တုန်းက လီဖေးဟုန်ဆိုတာ လီယူရီရဲ့အတွေးထဲမှာ ကြီးမြတ်သောပုံရိပ်ဖြစ်သော်လည်း
ယခုစဉ်းစားနိုင်စွမ်းရှိသည့်လီယူရီအပေါ်တော့မသက်ရောက်တော့ပေ
ဝိုလျန်းအပေါ်နှိပ်စက်ထားသမျှကလဲ လီယူရီရဲ့စိတ်ကိုဆက်တိုက်အနှောင့်အယှက်ပေးနေတာမို့ ကျောခိုင်းလာရခြင်းပင် ကြာကြာမျက်နှာချင်းဆိုင်မိလျင် ပြသနာကအချိန်မရွေးတက်လာနိုင်သည်လေ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now