20.ကုသမူ့

5.9K 442 5
                                    

လျို့ဝျက်သောကြင်ယာတော်

20.ကုသမူ့

"ယူရီ ရှင်ဘာဖြစ်သွားသေးလဲ"
"ရတယ် ကိုယ်အဆင်ပြေတယ် အဟွတ်အဟွတ်"
"အဆင်ပြေတယ်ပြောပြီးဘာကြောင့် သွေးအန်နေရတာလဲ အတွင်းဒဏ်ရာတွေများရသွားတာလား လာခဲ့ကြည့်ရအောင်"

ဝိုလျန်းကစိုးရိမ်စွာဖြင့် လက်ကိုကိုင်ကာစိတ်ဖြင့်စစ်ဆေးလိုက်၏ အတွင်းတွင်ဒဏ်ရာရနေသောအစိတ်အပိုင်းများစွာကိုတွေ့လိုက်ရသည်တွင်  အပြစ်ရှိသောမျက်နှာပုံစံလေးဖြစ်သွားတော့သည်

ယူရီက လီဖေးရဲ့မျက်နှာလေးကိုကြည့်ပြီးပြုံးလိုက်သည် သူရဲ့လီဖေးဟာလေ တခါတလေကလေးလိုပါပဲလား သူမရဲ့မမြင်နိုင်တဲ့အခြားဖက်တခြမ်းကိုသူမြင်တွေ့လိုက်ရလို့ပျော်တယ် ဒါပေမဲ့ ဒဏ်ရာတွေကလဲတကယ်ကိုနာတယ်

"လာခဲ့ ကုပေးမယ်"

ဝိုလျန်းက ယူရီလက်ကိုကိုင်ကာ သစ်ပင်‌အောက်ကိုဆွဲခေါ်သွားသည်
ယူရီက သူ့ဇနီးလေးရဲ့ဆွဲခေါ်မူ့နောက်ကိုပျော်ရွင်စွာဖြင့်လိုက်ပါသွားကာ မသိလျင် ပိုင်ရှင်နောက်လိုက်သည့်ခွေးပေါက်လေးလိုပင် သူ့မှာများအမှီးရှိရင် ရမ်းနေမည်မှာအသေအချာပင်

ချန်းလေးတို့အုပ်စုကား ဆွံ့အစွာဖြင့်ဘာမှကိုမပြောနိုင်ပေ ဒဏ်ရာရထားတဲ့လူတယောက်ကအဲ့လိုကြီးပျော်ရွင်ပြနေတာ သူမတို့ကိုတနည်းနည်းနဲ့သတ်နေသလားတောင်အောက်မေ့ရသည်
ဒီအတွဲကတော့ တကယ်ကိုပဲ သဲလွန်းတယ်

ဝိုလျန်းက ယူရီကိုသစ်ပင်အောက်ဆွဲခေါ်သွားပြီးနောက် ယူရီနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်၏ ပြီးနောက်ယူရီ၏လက်ကိုလှမ်းကိုင်လိုက်ကာ စတင်၍ကုသပေးလိုက်သည်

သူမ၏အတွင်းအားကိုလှည့်လှည်ကာ ယူရီထံကိုစီးကူးစေလိုက်သည် သူမတို့‌နှစ်ယောက်တို့အနီးတွင်သေးငယ်သောအမှုန်လေးများကလှည့်ပတ်နေကြကာ ထိုအမှုန်လေးများမှာမကြာခင်ယူရီထံသို့ဝင်ရောက်သွားကြ၏ လီယူရီကလဲ
သူ့ထံဝင်ရောက်လာသောသန့်စင်သည့်အားများကိုခန္ဒာကိုယ်အတွင်းလှည့်ပတ်စေ၏ ကိုယ်အတွင်းလှည့်ပတ်နေသောအားများသည် ပျက်စီးနေသောအစိတ်အပိုင်းများထံသွားကာ စတင်ကုသပေးတော့သည်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now