48.သူသိပြီးနေပြီ
ဝိုလျန်းရဲ့နဖူးထဲမှ နဂါးတစ်ကောင်နှင့်မှိုပွင့်တူသောအကောင်သေးသေးလေးတကောင်ထွက်လာခဲ့သည် မှိုနှင့်တူသောအကောင်လေးက လီယူရီကိုသူ့လက်ညိုးသေးသေးလေးနှင့်ထိုးကာပြောလိုက်လေသည်
"ဟေး အကျင့်ပုတ်တဲ့သူကြီး ငါ့သခင်မကိုသတ်ဖို့ကြံနေတာမလား ဟမ် အသိမြန်လို့တော်သေးတာပေါ့ နို့မို့ဆိုငါတို့အကုန်မာလကီးယားနေပြီ"
ယူရီ။ ။ "............"
ပြောရင်းနှင့်မှ မှိုလုံးလေးက ဝိုလျန်းရဲ့အဓိကသွေးကြောများကို ပိတ်ပေးလိုက်၏ ထိုအခါမှဝိုလျန်းရဲ့မျက်နှာလေးကပန်းရောင်ပြန်သန်းလာလေသည် အသက်ကိုလဲပုံမှန်ပြန်ရှူလာပြီး အနဲငယ်အခြေအနေကောင်းပုံပေါ်လာ၏
ထိုအခါမှ မှိုလုံးလေးက သက်ပြင်းချလိုက်ပြီး ယူရီကိုစိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ
"ဟမ့် ခင်ဗျားရဲ့မီးနဲ့ရေခဲအစွမ်းကို သခင်သာနောက်ထပ်နဲနဲလေးခံလိုက်ကြည့်လေ သခင်မနဲ့ ငါတို့နှစ်ကောင်ပါသေနေလောက်ပြီလို့လောင်းရဲတယ် ဟွန့် တတ်ယောင်ကား "
ယူရီ။ ။"............."
နဂါးလေးကလဲဟုတ်တယ်ဆိုသောပုံစံမျိုးနှင့်ခေါင်းနဆတ်ဆတ်ငြိမ့်ကာဝင်ထောက်ခံလိုက်၏ ယူရီကတော့သူတို့နှစ်ယောက်ကိုမင်သက်စွာကြည့်နေမိသည် သားရဲကိုကျင့်ကြံဆင့်နှင့်တွဲဖက်နိုင်သည်ဟုသောဆင်ခြေက ဖြစ်နိုင်ချေအရမ်းနည်းတဲ့အပြင် ကျင့်ကြံနိုင်သူတွေကလဲ အရမ်းကိုရှားပါးလွန်းတယ်
ကုန်းမြေတခုလုံးလိုက်ရှာရင်တောင် ရေလို့ရတဲ့အရေအတွက်ထက်ကိုနည်းချင်နည်းနိုင်တယ် ဒါပေမဲ့ ဘယ်လိုလုပ်သူမက ဖြစ်နိုင်ခဲ့တာလဲ အရမ်းကို အံဩစရာကောင်းလိုက်တာ အဟား ဒိလိုဆန်းကြယ်မူ့တွေနဲ့ပြည့်နေတာကမှ ငါ့ရဲ့လီဖေးလေးအစစ်ပဲ
(အဲ့ဒီမှာတယောက်ထဲဂုဏ်ဆာနေလိုက် သိပြီလား )
သူမကတကယ်ကိုထူးခြားတာပဲ ဒီမိန်းကလေးမှာ ဝှက်ဖဲတွေဘယ်လောက်တောင်ရှိနေတာလဲ သူကအခုထိမယုံကြည်ရသေးတဲ့သူမို့လို့လား ဒါမှမဟုတ် သူမလေးမယုံကြည်အောင်သူမနေထိုင်နိုင်လို့လား
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...