အပိုင်း(66) အကာအကွယ်
"သခင်မ သေချာပြန်စဉ်းစားသင့်တယ်နော် တကယ်တန်လို့လား "
ဝိုလျန်းပြန်မဖြေတော့ ဒါပေမဲ့ သူမရဲ့မျက်နှာကခေါင်းမာခြင်းကိုတွေ့လိုက်ရတော့ အားစုတယောက် သူ့သခင်မကိုမတားနိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ် သူမကသူတော်စင်အလင်းစွမ်းအားနဲ့နာကျင်တာတွေကိုသက်သာအောင်လုပ်ထားပေမဲ့လဲ မသက်သာပဲချွေးတွေတောင်စို့နေတာကိုတွေ့နေရပါတယ် တော်စင်အလင်းတောင်မှမဟန့်တားနိုင်ဘူးတဲ့လား ဘယ်လောက်တောင်အဖျက်စွမ်းအားကြီးတဲ့အဆိပ်လဲ
ကောင်းပြီလေ ငါတို့သခင်မကငါတို့ကိုထည့်မတွက်တော့လဲ အမ်း ငါတို့ကံဆိုးတယ်ပဲတွေးလိုက်ပါ့မယ်
ဝိုလျန်းအင်အားချိနဲ့စွာနဲ့ထထိုင်လိုက်ပြီး ဂါထာရွတ်လိုက်ပါတယ် သူမရဲ့ဂါထာသံကိုကြားတာနဲ့ အားစုရောအားတျဲ့ရော မျက်နှာပေါ်မှာမယုံကြည်နိုင်တဲ့အရိပ်အယောင်တွေကိုယ်စီပေါ်လာကြပြီး တုန်လှုပ်သွားကြပြီး ပြိုင်တူအော်မိသွားကြတယ်
"မလုပ်နဲ့ "
ဝိုလျန်းကမျက်မှောင်ကျုံကာ ဂါထာရွတ်နေရာမှရပ်လိုက်ပြီး
"ဘာဖြစ်လို့လဲ မင်းတို့တွေ တချိန်လုံး ငါ့ကိုထားပြီးသွားချင်နေကြတာမလား အခုငါလွတ်လပ်ခွင့်ပေးမှာလေ ဘာလို့တားရတာလဲ "
အားစုရောအားတျဲ့ရော မျက်နှာပူသွားကြပါတယ် ဟုတ်ပါတယ် သူတို့ကသူတို့နေရာသူတို့မသိပဲ သခင်မဆီကနေတချိန်လုံးလွတ်လပ်ခွင့်ဆိုတာကိုပဲတောင်းခံနေကြတာပါ ဒါပေမဲ့ တက်ာတမ်း လွပ်လပ်ခွင့်ပေးပါဆိုတော့လဲ သူတို့မပျော်နိုင်ပါဘူး ဖြစ်နိုင်တာက သူတို့မသိလိုက်ခင်ထဲက သခင်မဆီကနေခွဲမသွားချင်ခဲ့တာပဲနေမှာပါ
အားစုက ဆောင့်အောင့်လိုက်ပြီး
"သခင်မ ငါတို့ကိုမလိုချင်တော့ဘူးလား"
"အ မင်းတို့ ငါ့အချိန်ကိုဖြုန်းနေကြတာပဲ မြန်မြန်ပြော ငါမင်းတို့ကိုလွတ်လပ်ခွင့်ပေးရမှာလား မပေးရဘူးလား "
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...