နောက်ဆုံးတော့ ရှီဂျွန်းရဲ့ပြူးကျယ်နေတဲ့မျက်လုံးကြီးနဲ့ သူရဲ့အဝတ်အစားကင်းမဲ့နေသောကိုယ်ပေါ်က သွေးသံတရဲရဲအသားစတွေသာကျန်ခဲ့တော့တယ် အသက်ကင်းမဲ့နေပြီဖြစ်တဲ့ရှီဂျွန်းကတော့နောင်ဘဝရောက်ရင်တောင်ဒီလိုအိမ်မက်ဆိုးကနေလွတ်မြောက်ဖို့မသေချာဘူး အစာဝသွားတဲ့ခွေးတွေကတော့ကျေနပ်စွာနဲ့ပဲ ပြန်ထွက်သွားကြပြီ
ဝိုလျန်း အပျင်းကြောဆန့်လိုက်ပြီးထ လာတယ် သူများတွေမျက်စိမှိတ်ပြီးကြည့်ရမဲ့မြင်ကွင်းမျိုးကို သေသေချာချာကြည့်ပြီးတော့ လူတယောက်လုံးသေသွားတဲ့အတွက်လဲ ဝမ်းနည်းပုံမရတဲ့အြ့ပင် သူမကိုကြည့်ရတာသာမာန်တောင်ဖြစ်လိုက်သေးတယ်
လီယူရီ ဝိုလျန်းနားကိုတိုးသွားလိုက်ပြီးတော့ သူမလဲစိတ်အနှောင့်အယှက်မဖြစ်အောင် ခပ်တိုးတိုးလေးခေါ်လိုက်တယ်
"လျန်းအာ"
ဒါကလျန်းအာလို့ ပထမဆုံးခေါ်လိုက်ခြင်း သူစိတ်ကူးထဲခနခနခေါ်နေတဲ့နာမည်လေးပေါ့ ခုတော့သူမသိပဲခေါ်လိုက်မိတယ်လေ
ဝိုလျန်းရုတ်တရက်လှည့်လာပြီးတော့ သူ့ကြို့ပုံးပြလာတယ် သူမအပြုံးကနူးနူးညံ့ညံ့လေးနဲ့နွမ်းလျလျလေး သူမနဖူးကပန်းနက်ကလေးနဲ့လဲပိုပြီးလိုက်ဖက်နေသလိုပဲ ခုနကသူမပုံစံလေးနဲ့ယခုသူမပုံစံနဲ့တခြားစီပင် ဒါပေမဲ့လဲဘယ်တော့ဖြစ်ြဖစ် အဲ့ဒီအပြုံးကိုမြင်လိုက်တာနဲ့ သူကျရှုံးပြီးသားပဲ
"ယူရီ ကျွန်မပင်ပန်းတယ် "
"အင်း အိပ်လိုက်တော့နော် လာကိုယ့်ဆီလာခဲ့"ဝိုလျန်းလှတပတလေးလျောက်လှမ်းလာပြိးတော့ သူ့ရင်ခွင်ထဲမှာလဲလျောင်းလိုက်တယ် သူမရဲ့ရှည်လျားလှတဲ့မျက်တောင်တွေကိုပိတ်လိုက်ပြီး နာနာခံခံနဲ့အိပ်သွားတော့တာပဲ
ဒါသူမဘယ်လောက်ထိပင်ပန်းနေသလဲဆိုတာပဲ သူမရဲ့စိတ်စွမ်းအင်တေအများကြီးသုံးလိုက်ရတော့ သူမစိတ်စွမ်းအင်ပြန်ပြည့်ဖို့ကအိပ်တာကအကောင်းဆုံးပဲလေ
လီယူရီရင်ခွင်ထဲကသူ့လီဖေးကိုငုံကြည့်လိုက်တယ် တပတ်ကြာအောင်သူမအိပ်နေပြီးတော့နိုးထမလာသေးဘူး
သူမရဲ့နဖူးပေါ်ကပန်းနက်ကလေးဟာလဲပျောက်ကွယ်သွားခဲ့ပြီ သူတကယ်ပဲ အှဲ့ဒီအဖွဲ့အကြောင်းကိုကြားဖူးတယ် ပန်းနက်အဖွဲ့ဟာဆိုရင် မိန်းကလေးတွေချည်းဖြစ်ပြီးတော့ အကုန်လုံးကလဲကောင်းကင်အဆင့်ကျင့်ကြံသူတွေချည်းပဲ အမြင့်ပိုင်းတွေဆို စကြာဝဠာအဆင့်တွေတောင်ရှိကြသတဲ့ တော်ရုံတန်ရုံပေါ်လာခဲပြီးတော့ သူတို့ရဲ့အမှတ်အသားဟာ ချယ်ရီပန်းအနက်ရောင်ဖြစ်တယ် ပွင့်ချပ်ကိုကြည့်ပြီးအဆင့်အတန်းကိုသိနိုင်တယ် ပွင့်ချပ်နည်းလေလေထိပ်ပိုင်းကိုရောက်လေပဲ သူမြင်လိုက်တာကတော့ လီဖေးနဖူးမှာပွင့်ချပ်တခုပဲတွေ့လိုက်တယ် ပြီးတော့ လီဖေးခေါ်လိုက်တဲ့သူကလဲပန်းပွင့်ချပ်နှစ်ခုပဲပါတယ် အဲ့တော့ဖြစ်နိုင်တာက
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...