အရာခပ်သိမ်းကမှောင်နေပြီဖြစ်သည် လူတွေအားလုံးလဲအိပ်စက်ကြတော့မည် ကျေးငှက်ကလေးတွေကအိပ်တန်းဝင်ကာ စန္ဒာလမင်းကအပြင်ကိုထွက်ရှိလာသည်
သို့သော် လူတစုကား မှောင်ရိပ်ခိုကာ တနေရာသိူ့စိုက်ကြည့်နေ၏ မှန်သည် ထိုလူစုကား လီယူရီတို့အုပ်စုဖြစ်ကြသည်သူတို့မပြီးပြတ်သေးတဲ့ကိစ္စနောက်ကိုလိုက်လာရင်း နောက်ဆုံးတော့ သူတို့ပန်းတိုင်ကိုရှာတွေ့သွားပြီဖြစ်သည်
သူတို့လူစုကြည့်နေသည့် နေရာတွင် တဲကလေးများကိုယ်စီကိုယ်စီထိုးထားသောအစုလေးတစုရှိ၏ မီးပုံကလေးများဖြင့်လူအချို့မှာလဲ သောက်လိုက်စားလိုက်ဖြင့်ဆူညံနေကြသည် သူတို့ရဲ့သေမင်းခေါ်သံကိုမကြားတဲ့အလား ရယ်မောနေကြ၏
ထိုအစုထဲတွင်တခြားတဲတွေထက်အနဲငယ်ကြီးမားသော တဲလေးတလုံးမှာအလယ်ကနေထိုးထွက်နေသည် ထိုတဲဆီမှတချက်ချက်ရှိုက်သံလေးများနှင့် ကျေနပ်စွာညီးညူနေသံများက တခါတရံပျံ့လွင့်လာတတ်သေးသည် သို့သော် တဲအပြင်တွင်ရှိသော မည်သူကမျှအရေးစိုက်မနေချေ ကြည့်ရသည်မှာ သူတို့အဖို့ရိုးနေသလိုပင်
ထိုတဲအပေါ်ဘက်တွင်တံဆိပ်တခုကိုလွင့်ထူထားသည် ကျားခေါင်းအဖြူရောင်ဖြင့်ရေးထိုးထားသောတံဆိပ်သည် ဒီအဖွဲ့၏နာမည်ပင်ဖြစ်လိမ့်မည်
ဝိုလျန်းက ခပ်တိုးတိုးရေရွတ်လိုက်၏
"ကျားခေါင်းဖြူ"လီယူရီကာခေါင်းညိတ်ကာထောက်ခံလိုက်၏ ပြီးမှအသံကိုနှိမ့်ကာ
"ဟုတ်တယ် ကျားခေါင်းဖြူအဖွဲ့ပဲ ဒါပေမဲ့ ဒီအဖွဲ့ဟာ တရားဝင်အဖွဲ့တခုပါ ဘယ်လိုဖြစ်ရတာလဲ"
ထိုစဉ် စန်းမှ ဝင်ရှင်းပြလာ၏
"အရှင် သူတို့ကတရားဝင်ဖြစ်အောင်ကုန်ပစ္စည်းဗန်းပြပြီးတော့ နောက်ကွယ်က မိန်းကလေးတွေကိုရောင်းဝယ်ဖောက်ကားနေတာပါ ဟိုတခါသခင်မလေးကိုဖမ်းသွားတဲ့အဖွဲ့နဲ့တဖွဲ့ထဲလို့ထင်ရပါတယ် ဒါပေမဲ့တ့ဆိပ်တွေကမတူဘူး"
ထိုစကားကိုကြားသော်ဝိုလျန်းက
"ဘယ်တူမလဲ တူရင် အရင်တခေါက်လီယူရီအမြစ်လှန်လိုက်ထဲက အကုန်ပါသွားလောက်ပြီပေါ့ အခုလိုမျိုးအဖွဲ့တိုင်းသာ မြို့နယ်တိုင်းမှာရှိမယ်ဆိုရင် နောက်ကွယ်ကလူကဘယ်လောက်အင်အားကြီးမားလဲဆိုတာတွေးကြည့်လို့တောင်မရဘူး ကြည့်ရတာ နန်းတွင်းနဲ့တခုခုအပတ်အသတ်အဆက်အဆံရှိလိမ့်မယ် "
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...