လျို့ဝှက်သောကြင်ယာတော်အပိုင်း(82)အတိတ်တုန်းက
ကနုတ်များနဲ့ခမ်းနားလှတဲ့မြင်းရထားပေါ်ကနေ အသက်ဆယ့်ငါးနှစ်ခန့်ကောင်လေးတယောက်ဆင်းလာပါတယ်
ဖြူဖွေးတဲ့အသားအရေနဲ့ ချောမောခန့်ညားမူ့တွေဟာငယ်ရွယ်လွန်းပေမဲ့လဲ သိသာနေပါတယ် သူရဲ့မျက်နှာပေါ်မှာစိတ်အလိုမကျမူ့နဲ့စိတ်ဓာတ်ကျမူ့တွေအတိုင်းသာမြင်နေရပြီး ဒီကောင်လေးသာပြုံးနေမယ်ဆိုရင် အရမ်းဆွဲမက်စရာကောင်းမှာသေချာပါတယ်
ဖန်းလီအင်ပါယာ နန်းမြို့တော်ရဲ့အိမ်ရှေ့စံမင်းသားတပါးဖြစ်တဲ့သူဟာ ဖခမည်းတော်ရဲ့ဖိအားပေးခြင်းအောက်မှာ ဂိုဏ်းထဲဝင်ခဲ့ရပေမဲ့ မကျေနပ်တဲ့ပုံပါ
အရပ်ရှည်ရှည်နဲ့ချောမောလှတဲ့ကောင်လေးက ဂိုဏ်းထဲမှာရှိပေါင်းများစွာကိုအထီးကျန်စွာခါးသီးစွာဖြတ်သန်းခဲ့ရတာဟာ မျက်လုံးတောက်တောက် အသားကြည်ကြည်နဲ့ ပါးပြင်ပေါ်မှာသွေးကြောလေးတွေနဲ့အရမ်းလှတဲ့ကောင်မလေးရောက်လာတဲ့အခါမှာ ရပ်တန့်ခဲ့ရပါတယ်
"ဟိတ် ငါ့ကို ပန်းခူးပေးပါလား "
သစ်ပင်ပေါ်အိပ်နေတဲ့သူ့ကိုနိုးကာ ပန်ခူးပေးဖို့ပူဆာတဲ့သူမနဲ့ ပန်းဆက်သမားလေးတို့ဟာ ခင်မင်ခဲ့ကြပြီး နေ့ရက်တိုင်းကိုပျော်ရွင်စွာဖြတ်သန်းခဲ့ကြပြီး
ကောင်လေးရဲ့အပြုံးတွေ ပါးချိုင့်တွေကိုမြင်ခွင့်ရတဲ့တဦးတည်းသောသူလဲဖြစ်ခဲ့ပါတယ် အိမ်မက်တွေထဲမှာတောင်မှ သူပျော်ရွင်ခဲ့ရတာပါ မသိလိုက်ဘာသာနဲ့သူမကိုချစ်ခဲ့မိပြီး တွယ်တာခဲ့ရပါတော့တယ်"ဖေးဟုန် င့ါကို ပန်းမခူးပေးတော့နဲ့ ငါ့ကိုအကောင်လေးေတွလိုက်ဖမ်းကူပါလား "
သုံးနှစ်ကြာခင်မင်ခဲ့ပြီးနောက်မှာ သူမအရမ်းလှလာပြီး အရမ်းချစ်ဖို့ကောင်းလာတယ် သူမရဲ့အလှအောက်မှာသူခနခနကျရှူံးခဲ့ရပြီး သူမရဲ့အကြည့်ေတွအောက်မှာတော့ အရူးအမူးရင်ခုန်ခဲ့ရတာပါ
သူ့ဝတ်ရုံစကိုကိုင်ကာတခုခုပူဆာတိုင်း သူ့အသည်းနှလုံးအရည်ပျော်ခဲ့ရတာချည်းပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...