အပိုင်း(92) ဆေဘာကျားဖြူဂိုဏ်းပြိုကွဲခြင်း
လီဖေးဟုန် အရာအားလုံးကို လက်လျော့လိုက်ပြီဖြစ်တယ် သူမလက်ထဲမှာသေရလို့လဲကျေနပ်တယ်
သူမကြင်နာမူ့တွေကအတုအယောင်တွေဆိုပေမဲ့လဲ သူဝမ်းမနည်းတော့ပါဘူး
အနဲဆုံးတော့ သူလျောက်ခဲ့တဲ့ခရီးရှည်ကြီးကိုအဆုံးသတ်နိုင်ပြီမို့
ပင်ပန်းခြင်းတွေနာကျင်ခြင်းတွေ ပူလောင်ခြင်းတွေအားလုံးလွတ်ချခဲ့နိုင်ပြီမို့
'ဒီဘဝဒီမျှပါပဲ အချစ်ရေ ကိုယ်တို့နောက်ဘဝကျရင်မဆုံကြရအောင်ကွယ် ရက်စက်တတ်တဲ့အချစ်လေးကို ဒီတဘဝမှာတော့ အဝချစ်ခဲ့ရပါတယ်
မင်းလေးရဲ့အမုန်းတွေကိုရင်နဲ့မဆံ့အောင်ခံယူရင်း အိမ်မက်ဆိုးတွေဟာ ဒဏ်ရာတွေပါပဲ
မင်းလေးချစ်နေတဲ့သူဟာ ကိုယ်မဟုတ်လဲပဲ
မင်းလေးဘေးမှာရှိနေတာကိုယ်မဟုတ်ပေမဲ့လဲ
မင်းလေးရဲ့အချစ်တွေကိုယ်မရခဲ့ပေမဲ့လဲ
မင်းလေးပေးတဲ့ နာကျင်ခြင်း ပူလောင်ခြင်း ရက်စက်ခြင်း အမုန်းတွေအားလုံးကို ဒီနေရာမှာပဲစွန့်လွတ်ခဲ့လိုက်ပါတယ်'
သူမကိုပွေ့ဖက်ပြီး တင်းတင်းဆုပ်ကိုင်ထားမိတာ နောက်ဆုံးပါ
သူမရဲ့ပခုံးပေါ်မှေးစက်မိတာနောက်ဆုံးပါ
သူမနဂါးပုံဆံထိုးလေးကိုဆွဲထုတ်လိုက်လို့ပြေလျော့လာတဲ့ဆံနွယ်တွေကိုနမ်းရှိုက်ခွင့်ရတာနောက်ဆုံးပါ
အရိပ်ထဲမှာမြင်နေရတဲ့မင်းလေးရဲ့ရက်စက်မူ့အတွက် ကျေးဇူးတင်ပါတယ်အချစ်ရေ
လီဖေးဟုန်ပြုံးလိုက်ပြီး သူမရဲ့လည်ပင်းလေးကိုတချက်မွေးကြူလိုက်ကာ ထိုးရလွယ်အောင် လည်ပင်းလေးစောင်းပေးလိုက်ပါတယ်
ထိုးစိုက်လိုက်ပါအချစ်ရယ် မင်းဖန်တီးခဲ့တဲ့အချစ်ကိုမင်းလက်နဲ့အဆုံးသတ်သင့်တာမို့
ရက်စက်လိုက်ပါအချစ်ရယ် မင်းကိုဖမ်းဆုပ်နိုင်ဖို့ကြိုးစားရင်း ကိုယ်အရမ်းပင်ပန်းခဲ့ပြီမို့
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...