54.စကြာဝဠာအစပျိုးအဆင့်🔞🔞🔞
ဝိုလျန်းနာကျင်စွာနဲ့မျက်လုံးမှိတ်ထားလိုက်မိပါတယ် ယူရီနဲ့စတင်ဆုံတွေ့ခဲ့တဲ့အချိန်လေးတွေကိုပြန်တွေးရင်း နာကျင်တာတွေကိုဖြေသိမ့်နေရပါတယ်
ဒါပေမဲ့လဲ တကယ်နာကျင်လာတဲ့အခါမှာတော့ ဝိုလျန်းမျက်ဝန်းတွေထဲမှာအဖြူရောင်လွင်ပြင်တွေချည်းပဲမြင်နေရတော့တာပါပဲ ဗလာဖြစ်သွားပြီးခနတာငြိမ်းချမ်းသွားတယ်လို့ထင်ရတယ်
သူမသေများသွားပြီလားဟင့်အင်း မသေချင်သေးပါဘူးနော် မဖြစ်သေးဘူး ဘာကိုမှလက်စားမချေရသေးခင် ဘယ်သူ့ကိုမှနှုတ်မဆက်ရသေးခင် တကယ်ကြီးကျောခိုင်းရတော့မှာလား မဖြစ်နိုင်သေးဘူး ယူရီ ယူရီကျန်နေသေးတယ် သူ့ကိုအများကြီးချစ်ပြီးအများကြီးတောင်းပန်ရဦးမယ် အသက်တွေကြီးလာတဲ့အထိ ဒါမှမဟုတ်အိုမင်းတဲ့အထိ အတူတူနေကြရဦးမယ်လေ
လီဖေးဟုန်ဆိုတာ အလကားပဲ သူမစွန့်ပစ်ခဲ့တဲ့အမှိုက်သာသာပါပဲ သူ့လိုအမှိုက်ကိုကြောက်ရွံနေမဲ့အစား ယူရီအနားကခွဲမသွားဖို့သာသူမအတွက်ပိုအရေးကြီးမှန်း ဝိုလျန်းတွေးဆမိသွားတဲ့အခါ သူမရဲ့နားထဲတခုခုပေါက်ထွက်သွားသလိုကြားလိုက်ရပါတယ် သေချာတာကသူမအဆင့်တက်သွားပြီဆိုတာပါပဲ
ဝိုလျန်းအတွေးတွေနဲ့ကြောက်ရွံသွားတဲ့အခါမှာသူမရဲ့အတွင်းအားစုရာဒျန်တန်ထဲကိုသူတော်စင်အလင်းတွေဒိုးယိုပေါက်သလိုဝင်လာပါတယ် ယူရီနဲ့ခွဲရမှာဟာ လီဖေးဟုန်ကိုရင်ဆိုင်ရမှာထက်ပိုပြီး သူမကိုအားနည်းစေပါတယ်ဒါကြောင့် သူတော်စင်အလင်းရဲ့ရိုက်ခတ်မူ့ကြောင့် အဆိပ်တွေဟာနှလုံးဆီကိုအရှိန်နဲ့သွားဆောင့်မိပါတော့တယ်
"အဟွတ် အဟွတ်"
ဝိုလျန်းသွေးတလုတ်အန်ထုတ်လိုက်ပြီး
နောက် နာကျင်တာတွေအနဲငယ်သက်သာသွားပါပြီ နှလုံးထဲကိုအလုံးအရင်းလိုက်ရောက်လာတဲ့ အဆိပ်တွေကို ပြင်ပကဝင်လာတဲ့သူတော်စင်အလင်းနဲ့ခြေဖျက်ကယတကိုယ်လုံးကိုစီးဆင်းစေလိုက်ပါတယ်ဝိုလျန်းရဲ့ကျင့်ကြံမူ့ကစကြာဝဠာအစပျိုးအဆင့်ကိုရောက်ရှိသွားတယ်ဆိုပေမဲ့ သူမကလီဖေးဟုန်နဲ့ယှဉ်ပြိုင်နိုင်ပါပြီ နောက်တနှစ်လောက်ဆိုသူမကလီဖေးဟုန်ကိုနိုင်ဖို့အခွင့်အလမ်းရှိတော့မှာပါ ဒီကြားထဲကြိုးစားကျင့်ကြံဖို့ကသူမတာဝန်ဖြစ်သွားရပါပြီ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...