အခန်း(69)ဖွင့်ဟဝန်ခံတောင်းပန်ကြခြင်း
ဝိုလျန်းက ညို့မှိုင်းနေသာမျက်နှာဖြင့်ဆိုလာသည် ယူရီကသူမပြောနေသမျှကိုတခွန်းမှဝင်မပြောပဲ သူမလက်ကိုသာတယုတယကိုင်ထားကာ သူမကိုနွေးထွေးသောအကြည့်ဖြင့်ကြည့်နေလေတယ်
"ကျွန်မ သူ့ကိုငြင်းမိရုံလေးနဲ့ ကျွန်မသူ့ကိုမချစ်တာလေးနဲ့ ကျွန်မကိုအစီအစဉ်ဆွဲပြီးရယူခဲ့တယ်
အမှန်က နန်းမြို့တော်ကိုပြန်တဲ့အချိန်မှာ ရှင့်ကိုတွေ့ပြီးချစ်မိသွားခဲ့လို့ သူ့ကိုတုန့်ဆိုင်းမနေပဲငြင်းခဲ့တာ အဲ့ဒါကတဘဝလုံးပျက်ဆီးပစ်ဖို့ဖြစ်လာမယ်လို့မထင်ခဲ့ဘူး
သူရဲ့ကျင့်ကြံတာက ကျင်ကြံသူ မိန်းကလေးတွေနဲ့ဆက်ဆံပြီး သူမတို့ရဲ့စွမ်းအင်ကိုစုပ်ယူပြီးကျင့်ကြံတာလေ
ဒါကြောင့် သူ့မှာမိန်းမတွေအများကြီးရှိတယ် တရားဝင်ယူထားတာရော တရားမဝင်တာရော သေသွားတဲ့မိန်းမတွေဆိုရေတွက်လို့တောင်မနိုင်ဘူး
အဲ့ဒီကြားထဲမှာနှိပ်စက်ခံပြီးနေခဲ့ရတာ
ပါ သူနှိပ်စက်တာရော သူ့မိန်းမတွေနှိပ်စက်တာရော နောက်ဆုံးသူတို့ရဲ့ဂိုဏ်းတခုလုံးရဲ့အလှောင်ခံ အနှိပ်စက်ခံအဖြစ်နဲ့နေခဲ့ရတယ်ဘယ်လောက်တောင်ဆိုးဝါးကြလဲဆိုရင် ကျွန်မရင်သွေးလေးကိုတောင်ပေးမလွယ်ကြဘူး ဆေးခတ်ပြီးအမျိုးမျိုးပျက်ကျအောင်လုပ်ကြတယ် အဲ့ဒီလိုနဲ့
ပျက်ကျပါများလာတော့ နောက်ထပ်လဲရင်သွေးလေးကိုတောင်ထပ်မလွယ်နိုင်တော့ဘူးလေလီဖေးဟုန်ကသူသွားတဲ့ခရီးတိုင်းကိုခေါ်သွားတတ်တယ် ဘယ်လိုမှသူ့ကိုသတ်လို့မရခဲ့ဘူး
ဖြစ်ချင်တော့ သူခရီးသွားခါနီးသတ်ဖို့ကြံစည်တာမအောင်မြင်လို့ သူစိတ်ဆိုးပြီးထွက်သွားခဲ့တယ် အဲ့ဒီမှာပဲ သူ့ရဲ့မိန်းမတွေက မျက်နှာကိုဖျက်ဆီးပြီးသံမျက်နှာဖုံးကိုအတင်းအကျပ်တပ်စေခဲ့တယ် နောက်တော့ လူတွေရဲ့အကြည့်ကိုတောင်ကြောက်သွားလို့ သံမျက်နှာဖုံးကိုအမြဲတပ်ထားမိတော့တယ်
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...