87.နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ခြင်း

2.2K 115 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း (87)နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ခြင်း

"မကောင်းတော့ဘူး သခင်မဝိုလျန်းမရှိတော့ဘူး ကူးလင်းတောင်တန်းကကျူးကျော်ခံလိုက်ရပြီ "

ဂိုဏ်းတွင်းက ဂိုဏ်းသားအငယ်‌လေးတယောက်အမောတကောဝင်လာပြီးတင်ပြလိုက်ပါတယ်

ဝိုလျန်းပျောက်သွားပြီဆိုတဲ့သတင်းက ယူရီနားထဲရောက်သွားတဲ့အချိန် အစည်းအဝေးခန်းမထဲအပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်သွားပါတော့တယ်

တခန်းလုံးအေးစက်သွားပြီး ရေငွေ့များအုပ်ဆိုင်းလာကာ ရေများခဲလာကြပါတယ် ယူရီလဲအံကြိတ်ထားပြီး သူရဲ့ဒေါသဖြစ်မူ့ကို ထိန်းမထားတာကြောင့် အကြီးအကဲအကုန်လုံးထိတ်လန့်သွားကြပါတယ်

မီးရေခဲဂိုဏ်းအကြီးအကဲကထပြီး စကားပြောတော့မဲ့အချိန်မှာ ယူရီရဲ့ဒေါသမျက်ဝန်းနဲ့ရင်ဆိုင်လိုက်ရလို့ ငြိမ်ကုတ်သွားပါတယ်

သူတို့ဆက်ခံသူရဲ့ဒေါသ သူတို့လဲရင်မဆိုင်ရဲဘူးလေ

"ချန်းလေးခေါ်လာခဲ့"

ယူရီပြောလိုက်တာနဲ့ အရိပ်ကိုယ်ရံတော်တယောက်လျင်မြန်စွာပျံသန်းသွားတာကိုပဲမြင်လိုက်ရပါတယ်

ယူရီရဲ့နောက်မှာလဲကြောက်စရာအင်အားစုရှိနေတာသိပေမဲ့ အနက်ရောင်ဝတ်ကိုယ်ရံတော်ရဲ့လျင်မြန်မူ့ကို‌ရိပ်ခနဲတွေ့လိုက်ရတဲ့အချိန်မှာ သူတို့အားလုံးအံဩသင့်သွားကြရပြန်ပါတယ်

ဝိုလျန်းတယောက်သာ အင်အားရှိတာမဟုတ်ပဲ တချိန်လုံးငြိမ်သက်နေခဲ့တဲ့ယူရီမှာလဲ ပုံမှန်မဟုတ်တဲ့အင်အားနဲ့စွမ်းအားတွေရှိနေတယ်ဆိုတာသိလိုက်ရပါတယ်

ခနအကြာမှာ ချန်းလေး လောပေါ်နဲ့ ရေဘုရင်တို့ ခန်းမထဲရောက်လာပြီး စိုးရိမ်နေတဲ့မျက်နှာလေးတွေကိုယ်စီနဲ့ ယူရီကိုမေးခွန်းအပြည့်ပါတဲ့ မျက်ဝန်းများနဲ့စိုက်ကြည့်နေကြပါတယ်
ယူရီရဲ့ဒေါသထွက်နေတဲ့‌ေအးစက်စက်ပုံစံကို တေွ့ပေမဲ့လဲ ရေဘုရင်တယောက်မကြောက်ပဲ ခနဲ့လိုက်ပါတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now