15.မနာလိုတာလား သဝန်တိုတာလား
"လျန်းလျန်း"
ရေဘုရင်ကဘာမပြောညာမပြောနဲ့ ထပြေးသွားတော့ လီယူရီတယောက်ခေါင်းကိုက်သွားပြန်တယ် သူလဲပြေးချင်တာပေါ့
သူလဲ သူ့ရဲ့လီဖေးနားအပြေးလေးသွားပြီးခြေထောက်ဖက်ချင်တာပေါ့
ဒါပေမဲ့ သူသာအဲ့လိုလုပ်လိုက်ရင် သူ့ရဲ့ပုံရိပ်တွေအကုန်လုံးတော့ ပလုံပြီပဲတော်သေးတာက လီဖေးကကြောင်တောင်တောင်လေးဖြစ်လို့နေတယ်
"ရှင်က???"
"သားလေ လျန်းလျန်း သားလေ မမှတ်မိတော့ဘူးလား"ဝေါ့ ။
အန်ချင်လိုက်တာ ဘယ်သူကသားလဲ ဒီအရွယ်ကြီးက သားတဲ့လား ။
ဘေးနားကကိုယ်ရံတော်တွေကော လီယူရီပါ စိတ်ထဲသွေးအန်သွားကြတယ်ချန်းလေးတယောက်သာ ပါးစပ်ဟောင်းလောင်းနဲ့ တွေးနေတယ်
အာ သူဘယ်တုန်းကအဲ့လောက်ချစ်ဖို့ကောင်းသွားတာလဲ မုန့်လိုချင်နေတဲ့ကလေးလေးလိုလေ (ဟဲ့ နင်ကြွေနေတာကလဲ သိသာလိုက်တာ)
သခင်မလေးရှေ့မှာအရမ်းအပြစ်ကင်းတဲ့ ယုန်ပေါက်လေးလိုပဲလေဘယ်သူတွေဘယ်လိုတွေးတွေး ရေဘုရင်ကတော့ဂရုမစိုက်ပေ။
သူပုံက သူ့ကိုမမှတ်မိလို့အလိုမကျတဲ့ကလေးလိုပဲ လီဖေးရဲ့ဝတ်ရုံစကိုဆွဲကိုင်လှုပ်ရမ်းနေပြီး ဆူပုတ်နေလိုက်သေးတယ်ဝိုလျန်းလဲအတွေးထဲနစ်နေတယ် အရင်ဘဝတုန်းကကလေးလေးလား မဖြစ်နိုင်လိုက်တာ သူက ပြန်လည်နိုးထလာတာလေ ဒါဆိုအဲ့ကလေးလေးကဗိုက်ထဲဝင်စားဖို့နေနေသာသာ ဘယ်ဘဝမာတောင်ရှိနေသေးမလဲတောင်မသိဘူး
အဲ ဒါပေမဲ့ သူတို့တိုင်းပြည်ကနေ့ရက်တွေက ပိုမြန်နေသလားလို့
နောက်ဆုံးတော့သူမထင်နေတဲ့သံသယရှင်းသွားအောင်ထုတ်မေးလိုက်တော့တယ်"မင်းက မင်းက အာလူးလေးလား"
"နောက်ဆုံးတော့ သားကိုမှတ်မိသွားပြီပေါ့"အိုဘုရားသခင် !!
ဝိုလျန်းတယောက်တော့အကြာကြီးဆွံ့အသွားရတယ်
ဒီလောကမှာတကယ်ပဲမဖြစ်နိုင်တာကိုမရှိပါလား
အဲ့ဒီရေတိုင်းပြည်က ပြက္ခဒိန်က အဖြောင့်ကြီးလေ ပြီးတော့ မြန်လဲမြန်နေသေးတယ်
သူမကပြန်မွေးဖွားလာလို့အပျိုအရွယ်သာရှိသေးပေမဲ့ အဲ့တိုင်းပြည်မာတော့သူမကမသေခဲ့ဘူးဆိုရင် အသက်လေးဆယ်ကျော်နေလောက်ပြီ
အခုတော့သူမဒုတိယအကြိမ်အခွင့်အရေးပြန်ရပေမဲ့ သူမအဲ့တိုင်းပြည်ပြန်သွားရင် အရင်ဘဝကတွေ့ခဲ့တဲ့ကလေးတွေအားလုံးကလေးတွေတောင်ရလောက်ပေါ့
ဝိုလျန်းရှေ့ကလူငယ်လေးကိုကြည့်လိုက်တယ် ပါးဖောင်းဖောင်းလေးတွေဘယ်ရောက်သွားပါလိမ့် မျက်လုံးဝိုင်းဝိုင်းလေးတွေရောပျောက်သွားပြီ အခုတော့ သူ့ကိုဒီထက်ပိုပြီးမုန်လုံးလေးလို့ခေါ်လို့မရတော့ဘူးပဲ ဘာလိုလိုနဲ့မုန့်လုံးလေးတောင်ချောမောတဲ့ယောကျာ်းပျိုဖြစ်လာခဲ့ပြီပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...