93.ဇတ်ပေါင်းရသော်

8.3K 178 8
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(93) ဇတ်ပေါင်းရသော်

"ဖေဖေ"

နတ်ဘုရားအရှိန်အဝါနှင့်တောက်ပနေသော နတ်မင်း‌ရှေ့ကို ဂါဝန်ဖားဖားလေးနှင့် မိန်းကလေးတယောက်က သူမနှုတ်မှ ဖေဖေဟုခေါ်မြည်ကာ အနှီနတ်ဘုရားရဲ့ရင်ခွင်ထဲပြေးဝင်သွားခဲ့တယ်

"အားရိုး ဖေဖေရဲ့ရှောင်လောပေါ်လေးပါလား "
"ဟမ် ဖေဖေကလဲ သမီးကရှောင်လောပေါ်လေးမဖြစ်ချင်ပါဘူးဆို "
"ဒါဆို သမီးလေးကဘာဖြစ်ချင်‌တာတုန်း "
"တာ့လောပေါ်လေးပဲဖြစ်ချင်တာ "
"ဟားဟားဟား ကိုကိုရဲ့နာမည်ကိုသမီးလေးကယူသုံးလို့မရဘူးလေကွယ် သမီးလေးက ညီမလေးမို့ရှောင်လောပေါ်လေးလို့ခေါ်တာလေ "
"ဒါဆို ကိုကိုကအကြီးမို့လို့ တာ့လောပေါ်လို့ခေါ်တာပေါ့နော် "
"အင်းပေါ့သမီးလေးရဲ့"
"ဒါဆို သမီးကြီးလာရင်ရော တာ့လောပေါ်လေးဖြစ်ပြီး ရှောင်လောပေါ်လေးနောက်တယောက်ကို‌ေမ‌ေမကထပ်‌ေမွး‌ေပးဦးမှာလား ဟင်"
"ဟားဟားဟား ဘာလဲ သမီးလေးရှောင်လောပေါ်လေးမဖြစ်ချင်ဘူးလား "
"သမီးက ကို့ကိုလို့မျိုး အင်အားကြီးပြီး သူများတွေကြောက်ရွံရတဲ့တာ့လောပေါ်လေးဖြစ်ချင်တာ "
"ဘာဖြစ်လို့ တာ့လောပေါ်လေးဖြစ်ချင်တာလဲ သမီးလေးကိုဘယ်သူကအနိုင်ကျင့်လို့လဲ "
"မကျင့်ရဲပါဘူး သမီးတာ့လောပေါ်လေးဖြစ်ချင်တာက ဖေ‌ဖေကို မေ့မေ့ကို ကိုကို့ကိုရော သူများငိုအောင်လုပ်ရင်တီးပစ်ချင်လို့ ပြီးတော့ သမီးတာ့လောပေါ်လေးဖြစ်လာရင် သူများမုန့်တွေကိုအကုန်ထုတ်ခိုင်းပြီးယူစားပစ်မယ် "
"ဟားဟားဟား လတ်စသတ်တော့ ငါ့သမီးတာ့လောပေါ်လေးဖြစ်ချင်တာက အကြံအစည်နဲ့ကိုး ဟားဟားဟား လာလာ မေ့မေ့ကိုသွားတွေ့ပြီး နောက်ထပ်ရှောင်လောပေါ်လေးတယောက်သွားမွေးခိုင်းရအောင် "
"ယေးးးး အာ့ကြောင့်ဖေ့ဖေ့ကိုချစ်တာ မွ "
"အမလေးချိုနေတာပဲဗျာ "

နတ်ဘုရားက လီယူရီဖြစ်ပြီး ကလေးလေးကတော့ လီရီရီဖြစ်ပါတယ် လီယူလျန်းက‌ တာဝန်များနဲ့ပန်းနက်ဂိုဏ်းကိုစီမံခန့်ခွဲနေရပြီး အလုပ်များနေတာမို့ လီရီရီတယောက်ထဲသာ အထက်ဘုံကိုရောက်လာရခြင်းပင်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now