71.စုစုနှင့်သူမ၏ကိုယ်ရံတော်ဟွာ

2.3K 137 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း (71) စုစုနှင့်သူမ၏ ကိုယ်ရံတော်‌ဟွာ

စားပွဲထိုးလေးက အာပေါင်အားရင်းသန်သန်နှင့်ရှင်းပြနေစဉ် မိန်းမပျိုလေးက အစားအသောက်များကို တို့ကနန်းဆိတ်ကနန်းစားသောက်နေတယ် သူမဘေးကကိုယ်ရံတော်က ရေနွေးငှဲ့ကာသူမကိုပေးလိုက်ပြီး နောက်တခွက်ကိုတော့ အမြုတ်ထွက်မတတ်ဖြစ်နေရှာတဲ့စားပွဲထိုးလေးဘက်တိုးပေးလိုက်တယ်

"ပြီးတော့ နံပါတ်သုံးနေရာက ဇာမဏီရေခဲဂိုဏ်း နံပါတ်လေးကတော နှစ်တိုင်းမပြောင်းလဲပဲ နှင်းလွင်ပြင်ဂိုဏ်းကနေရာယူထားတယ် နံပါတ်ငါးကတော့ သူတော်စင်ဂိုဏ်းပေါ့

ထူးခြားတာက စီချွမ်သိုင်းပြိုင်ပွဲကို လေလွင့်သိုင်းသမားတွေသာမကပဲ ဘယ်သိုင်းသမားပဲဖြစ်ဖြစ် ဝင်ပြိုင်လို့ရတယ် အဲ ဝင်ပြိုင်ရင်းနဲ့ အကြီးအကဲတယောက်ယောက်သဘောကျသွားအောင်လုပ်နိုင်လို့ကတော့ အဲ့ဒိလူကကံကောင်းပြီပဲ "
"ဘာဖြစ်လို့လဲ"
"တပည့်အဖြစ်လက်ခံပြီး ဂိုဏ်းထဲသွင်းလိုက်တာပေါ့ ကောလဟာလတခုလဲရှိသေးတယ် အဲ့တာက တကယ်လားဘာလားမသိဘူး ဂိုဏ်းတိုင်းဂိုဏ်းတိုင်းက ဆက်ခံသူတွေရွေးမယ်ဆိုတာပဲ ပျံနေတာကြာပြီဆိုပေမဲ့ အခုထိတော့ ဆက်ခံသူကိုတခါမှရွေးတယ်မကြားမျပါဘူးဗျာ "
"စီချွမ်မြို့က ဘယ်အင်ပါယာအပိုင်လဲ"
"ဆရာသခင်တို့က အဲ့ဒါတောင်မသိဘူးဆို‌တော့ ဖန်းလီအင်ပါယာကလာတာပဲဖြစ်ရမယ် "
"ဟုတ်တယ် "
"အဟမ်း ဒါဆိုရင်တော့ ကျွန်တော်မျိုးကသေချာပေါက်ကိုပြောပြရမဲ့ကိစ္စဖြစ်သွားပြီ ဒီလိုဗျ ဖန်းလီ ကျင်းလီ ချူးလီ ဆိုတဲ့ အင်ပါယာသုံးခုကနယ်‌မြေထောင့်လေးတွေက ဆက်နေတာ အဲ့တော့ အဲ့ဒီဆက်ထားတဲ့နယ်‌မြေ‌ေတွအဆုံးမှာ နယ်မြေအလွတ်လေးတခုရှိတယ်ဗျာ အဲ့ဒီနယ်မြေအလွတ်လေးက စီချွမ်အင်ပါယာပဲ အခုစီချွမ်မြို့တော်ပေါ့ အဲ့ဒါကြောင့် စီချွမ်မြို့တော်ကအရမ်းစည်ကားနေပြီးတော့ မရနိုင်တဲ့ပစ္စည်းဆိုတာလဲမရှိသလောက်ပဲ ကုန်သွယ်မူ့ကလဲထိတ်တန်းပဲလေ အဲ့ဒါကြောင့် စီချွမ်မြို့မှာ ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲကျင်းပကြတာပေါ့ဗျာ "
"ကျေးဇူးတင်ပါတယ်"
"ဒါနဲ့ စီချွမ်မြို့မှာ အိမ်တော်ဝယ်ချင်ရင် ဘယ်ကိုသွားရမလဲ "
"အာ အဲ့ဒါက‌တော့ တကယ်ကိုတိုက်ဆိုင်တာပဲဗျို့ စောနလေးတင် ဆိုင်ရှင်ရဲ့မိတ်ဆွေတချို့က အိမ်တော်ရောင်းပေးပါဆိုပြီး ပြောထားတာ ငါးခုလောက်ရှိတယ် ကျွန်တော်မျိုးလိုက်ပြပေးမယ်လေ ကြိုက်တာဝယ်ပေါ့ဗျာ ဈေးမများစေရပါဘူး အစေခံတွေလိုချင်ရင်လဲဒီကပဲဆောင်ရွက်ပေးတယ် ဘယ်လိုလဲ အဆင်ပြေတယ်မလား"
"မဆိုးဘူး မင်းဆိုင်ရှင်ကတော်တော်လာဘ်မြင်တာပဲ "
"အာဟား အဲ့ဆိုင်ရှင်ကကျွန်တော်ဦးလေးလေ‌‌ဗျာ သူလဲသိုင်းပေါင်းစုံပြိုင်ပွဲဝင်မလို့ တံခါးပိတ်ကျင့်‌ေနလေရဲ့ ဒါကြောင့် ပြောရမယ်ဆို ကျွန်တော်မျိုးကအကုန်လိုက်လုပ်ပေးလို့ရပါတယ် "
"ကောင်းပြီ "
"အားမနာပါနဲ့ အားမနာပါနဲ့ ဒါနဲ့ ဆရာသခင်တို့ကရော သိုင်းပြိုင်ပွဲကိုလာတာလား"
"ဟုတ်တယ် "
"ဝင်ပြိုင်မလို့ပေါ့ ဒါဆို တံဆိပ်ပြားထုတ်ပြီးပြီလား "
"တံဆိပ်ပြား?"
"အာ ဆရာသခင်တို့ဝင်ပြိုင်မယ်ဆိုရင် တံဆိပ်ပြား‌လိုတယ်ဆိုတာမသိဘူးလား‌ အမ်း ဖြစ်ချင်တော့ ကျွန်တော်ကလဲ ဆိုင်ရှင်အတွက် တံဆိပ်ပြားသွားယူပေးရမှာဆိုတော့ တခါထဲယူလာပေးလိုက်မယ်လေ ဆရာသခင်တို့နာမည်ပြောပါ စာရင်းသွင်းရမှာမို့လို့"
"စုစု နဲ့ ရှောင်ဟွာ "
"အိုး သိပါပြီ ဒါနဲ့ သိုင်းပေါင်းစုံပြိုင်ပွဲက နောက်ဆယ်ရက်ဆိုစတော့မှာနော် ဆရာသခင်တို့မသိမှာစိုးလို့ ဆရာသခင်တို့စားသောက်ပြီးရင် အိမ်ကြည့်ဖို့လာခေါ်ပေးပါ့မယ် ဒါဆို ထွက်သွားခွင့်ပြုပါဦး"
"ကောင်းပြီ"

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now