82.zgi

1.4K 52 7
                                    


အပိုင်း(82)အတိတ်တုန်းက

ကနုတ်များနဲ့ခမ်းနားလှတဲ့မြင်းရထားပေါ်ကနေ အသက်ဆယ့်ငါးနှစ်ခန့်ကောင်လေးတယောက်ဆင်းလာပါတယ်

ဖြူဖွေးတဲ့အသားအရေနဲ့ ချောမောခန့်ညားမူ့တွေဟာငယ်ရွယ်လွန်းပေမဲ့လဲ သိသာနေပါတယ် သူရဲ့မျက်နှာပေါ်မှာစိတ်အလိုမကျမူ့နဲ့စိတ်ဓာတ်ကျမူ့တွေအတိုင်းသာမြင်နေရပြီး ဒီကောင်လေးသာပြုံးနေမယ်ဆိုရင် အရမ်းဆွဲမက်စရာကောင်းမှာသေချာပါတယ်

ဖန်းလီအင်ပါယာ နန်းမြို့တော်ရဲ့အိမ်ရှေ့စံမင်းသားတပါးဖြစ်တဲ့သူ‌ဟာ ဖခမည်းတော်ရဲ့ဖိအားပေးခြင်းအောက်မှာ ဂိုဏ်းထဲဝင်ခဲ့ရပေမဲ့ မကျေနပ်တဲ့ပုံပါ

အရပ်ရှည်ရှည်နဲ့ချောမောလှတဲ့ကောင်လေးက ဂိုဏ်းထဲမှာရှိပေါင်းများစွာကိုအထီးကျန်စွာခါးသီးစွာဖြတ်သန်းခဲ့ရတာဟာ မျက်လုံးတောက်တောက် အသားကြည်ကြည်နဲ့ ပါးပြင်ပေါ်မှာသွေးကြောလေးတွေနဲ့အရမ်းလှတဲ့ကောင်မလေးရောက်လာတဲ့အခါမှာ ရပ်တန့်ခဲ့ရပါတယ်

"ဟိတ် ငါ့ကို ပန်းခူးပေးပါလား "

သစ်ပင်ပေါ်အိပ်နေတဲ့သူ့ကိုနိုးကာ ပန်ခူးပေးဖို့ပူဆာတဲ့သူမနဲ့ ပန်းဆက်သမားလေးတို့ဟာ ခင်မင်ခဲ့ကြပြီး နေ့ရက်တိုင်းကိုပျော်ရွင်စွာဖြတ်သန်းခဲ့ကြပြီး
ကောင်လေးရဲ့အပြုံးတွေ ပါးချိုင့်တွေကိုမြင်ခွင့်ရတဲ့တဦးတည်းသောသူလဲဖြစ်ခဲ့ပါတယ် အိမ်မက်တွေထဲမှာတောင်မှ သူပျော်ရွင်ခဲ့ရတာပါ မသိလိုက်ဘာသာနဲ့သူမကိုချစ်ခဲ့မိပြီး တွယ်တာခဲ့ရပါတော့တယ်

"ဖေးဟုန် င့ါကို ပန်းမခူးပေးတော့နဲ့ ငါ့ကိုအကောင်လေး‌တွေလိုက်ဖမ်းကူပါလား "

သုံးနှစ်ကြာခင်မင်ခဲ့ပြီးနောက်မှာ သူမအရမ်းလှလာပြီး အရမ်းချစ်ဖို့ကောင်းလာတယ် သူမရဲ့အလှအောက်မှာသူခနခနကျရှူံးခဲ့ရပြီး သူမရဲ့အကြည့်‌တွေအောက်မှာတော့ အရူးအမူးရင်ခုန်ခဲ့ရတာပါ

သူ့ဝတ်ရုံစကိုကိုင်ကာတခုခုပူဆာတိုင်း သူ့အသည်းနှလုံးအရည်ပျော်ခဲ့ရတာချည်းပဲ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now