53.နာကျင်လွန်းလှတဲ့ဝေဒနာ

2.8K 147 0
                                    

53.နာကျင်လွန်းတဲ့ဝေဒနာ

"အရှင်မ အိပ်နေပါတယ် ဝမ်ရယ်"
"သေချာလား "
"ဟုတ် ဟုတ်"

ချန်းလေး မျက်လွှာကိုပင့်မကြည့်ရဲ သူမလိမ်ထားတာတွေအကုန်ပေါ်ကုန်မှာစိုးလို့ ဝမ်ရယ်နဲ့မျက်လုံးချင်းဆုံလိုက်တာနဲ့ သခင်မရှိမနေဘူးဆိုတာ

"ဘာလဲ အိပ်နေပြန်တာလား မတွေ့ချင်လို့ရှောင်နေတာလား ဒါမှမဟုတ် ရှိကိုရှိမနေတာလား ဟမ် မှန်မှန်ပြောစမ်း"

ချန်းလေးကြောက်ရွံစွာဒူးထောက်ချမိပါပြီ နှုတ်ခမ်းတွေကလဲတဆတ်ဆတ်တုန်နေပြီး ဘာစကားမှထွက်မလာခဲ့လေဘူး

သူမစကားဟလိုက်တာနဲ့ကျိန်‌းသေပေါက်မိမှာပဲ တုန်ရီနေတဲ့ဒူးကိုသာ ထောက်ထားရပြီးတော့ ကြောက်ရွံနေပါတယ်

"ကိုယ်တော် ရောက်လာတယ်လို့ပြောလိုက်"
"ဟို....ဟို....."
"ဘာဟိုလဲ "
"..........."

လေသံမာလာတဲ့ဝမ်ရယ်ကြောင့် ချန်းလေးလည်ပင်းယားလာရပါပြီ တကယ်တမ်းဝမ်ရယ်သာအမိန့်ပေးလိုက်ရင်ဖြင့် တချက်ထဲနဲ့ဘယ်လိုသေသွားမှန်းတောင်သိမှာမဟုတ်ပါဘူး

ဒါပေမဲ့လည်း ဘယ်လိုမှအထဲကိုဝင်ခိုင်းဖို့ကလဲမဖြစ်သေးဘူးလေ မိဘုရားအများစုက ကိုယ့်ရဲ့အဆောင်ထဲမှာပဲနေပြီး ဇာထိုးပန်းထိုး စာရေးစာဖတ်နဲ့ နန်းတွင်းရေးရာအနုပညာလုပ်ငန်းတွေမှာသာပျော်မွေ့လေ့ရှိပါတယ် အဲ တို့ရဲ့လီဖေးကလွဲလို့ပေါ့လေ တော်သေးတာက ဝမ်ရယ်မှာမိဘုရားတပါးထဲပဲရှိလို့ပါ လက်ရှိမင်းကြီးလိုမျိုး မိဘုရားလေးပါးတောင်ရှိလို့ကတော့ အဟမ်း တို့လီဖေးလိုပုံစံမျိုးနဲ့ဆို  တချိန်လုံးတိုင်တောခံနေရပြီး နောင်ဂျိန်ချနေကြမှာမလွဲပါ

"ဘာလဲ ကိုယ်တော်ကိုအထဲပေးမဝင်တာလား ကိုယ်တော်ရဲ့မိဘုရားအဆောင်ကိုတောင် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူးပေါ့ ဆိုတော့ မင်းကသေချင်နေတာပဲ"
"မဟုတ်ပါဘူး ဝမ်ရယ် နူပိမှားမှန်းသိပါတယ် ဒါပေမဲ့ သခင်မ မနက်ခင်းထဲကခေါင်းကိုက်နေတာ စောနကမှအိပ်မယ်ဆိုပြီးဘယ်သူကိုမှပေးမဝင်ရဘူးလို့ပြောထားလို့ သခင်မအမိန့်ကိုမလွန်ဆန်ဝံ့တာပါ နူပိကိုခွင့်လွတ်ပေးပါအရှင် "

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now