42.zgi

2.6K 121 6
                                    


42.မိန်းမလျာလိုကောင်

"ထောက် ထောက် ထောက်"

သူမရဲ့ေ‌သွးကြောတွေကိုပါပိတ်လိုက်တော့ လှုပ်ရှားလို့မရတော့တဲ့အပြင်‌ ထွက်ပြေးလို့ကတော့ ပိုလို့တောင်မရတော့ပါဘူး

မျက်နှာဖုံးတပ်ထားတဲ့အဲ့ဒီလူကသူမကိုပွေ့ပြီး လှဲချလိုက်ပါတယ် ပြီးတာနဲ့သူမရဲ့ဝတ်ရုံတွေကိုပါချွတ်နေတော့ ဝိုလျန်းအဲ့ဒီလူကိုသတ်ချင်လာမိလေတယ်

"မင်းလေးကို လွှတ်ထားပေးတာပဲလေ ဒါပေမဲ့ မင်းလေးကကိုယ်တော်နောက်ကိုလိုက်လာတယ်ဆိုတော့ ကိုယ်တော်ဆီမှာလာအသုံးတော်ခံတယ်လို့ပဲမှတ်လိုက်ပါမယ် ဒိကိုယ်တော်ကစိတ်မပါလက်မပါနဲ့ပဲ အင်း စိတ်မပျက်ပါနဲ့ ဒီကိုယ်တော်ကမင်းနဲ့ကစားဖို့နဲနဲလေး‌တော့စိတ်ရှိနေပါသေးတယ်"

အရှက်မဲ့လိုက်တာ ဘယ်လိုတောင်ပြောထွက်နိုင်တာလဲ နင့်ကိုဘယ်သူကအသုံးတော်ခံချင်နေလို့လဲဟဲ့
ငါဆီကိုလာနေလို့နင့်‌ကိုစုံစမ်းဖို့ရောက်လာတာလေ အားနေယားနေ လို့‌နင့်နောက်ကိုလိုက်လာတာမဟုတ်ဘူး သတ္တိရှိရင်အကြောဖွင့်လိုက်လေ သိုင်းကွက်ချင်းပြိုင်ကြမယ် အလစ်တိုက်တဲ့မိန်းမလျာကောင်ကများ နင်လုပ်စရာမရှိရင်လဲ ကိုယ့်ဘာသာကိုသတ်သေနေလိုက်ပါလားဟဲ့

သူမရဲ့မျက်ဝန်းတွေထဲကရန်လိုမူ့တွေကိုမြင်လိုက်တော့ အဲ့ဒီလူကပြုံးလိုက်တဲ့ပုံပဲ သူမျက်ဝန်းထဲမှာရယ်ချင်နေတဲ့အငွေ့အသက်ကိုဝိုလျန်း ရုတ်ချည်းမြင်လိုက်ရပါတယ်

"အဟားးးး မင်းလေးကစိတ်ထဲကနေ ကိုယ့်ကိုကျိန်ဆဲနေတဲ့ပုံပဲနော် ကောင်းပြိလေ ကိုယ်တော်လဲပျင်းနေတာနဲ့ မင်းလေးရဲ့ကျိန်ဆဲသံလေးတွေကိုအပျင်းပြေနားထောင်လိုက်ပါ့မယ် "

"ထောက် ထောက်"

ပြောပြီးတာနဲ့ အဲ့ဒီလူကသူမရဲ့အကြောတနေရာကိုထောက်ကာဖွင့်ပေးလိုက်ပါတယ်

"မိန်းမလျာလိုကောင်"
"ဟမ် ဘာ မိန်းမလျာလိုကောင်???ဟုတ်လား ဟားဟားဟားးးး"

နင့်ကိုပြောတာလေ ဘာကြောင့်ရယ်နေရတာလဲဟဲ့ေ-ာက်မြင်ကပ်လိုက်တာ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now