85.zgi

1.3K 53 3
                                    


အပိုင်း(85) ကမ်းလှမ်းမူ့လား စစ်ကြေငြာတာလား

ပင်မဆောင်မှာ ဂိုဏ်းခွဲများမှဂိုဏ်းခေါင်းဆောင်များ ပင်မဂိုဏ်းချုပ်သုံးယောက် ဆက်ခံသူနှစ်ယောက် တို့စုစည်းကာစည်းဝေးနေကြတယ်

အကြောင်းအရင်းကတော့ ဆေဘာကျားဖြူဂိုဏ်းကစာချွန်လွှာပို့လာတာကြောင့်ပါ

စာထဲမှာတော့ ဆေဘာကျားဖြူဂိုဏ်းနစ်နာမူ့အတွက်ကမ်းလှမ်းမူ့လို့ခေါင်းစဉ်တပ်ထားပြီး ‌ဆေဘာကျားဖြူဂိုဏ်း ဆက်ဆံသူလီဖေးဟုန်ရဲ့ပိုင်ဆိုင်မူ့ဖြစ်တဲ့ဟွာဝိုလျန်းကိုလွှဲပေးရင် ဆေဘာကျားဖြူဂိုဏ်းက သလင်းကျောက်တုံးဆယ်သန်းကိုပြန်လည်ကျေးဇူးဆပ်မှာဖြစ်ပြီး ငြင်းဆိုခဲ့ရင်တော့ ဆယ်ဆမကတဲ့ဆိုးဝါးခြင်းတွေကိုကြုံရမယ်လို့ရေးထားတာပါ

ဒါက ကမ်းလှမ်းမူ့လား စစ်ကြေငြာတာလား

ဘယ်သူက သူတို့ဂိုဏ်းရဲ့ဆက်ခံသူကို သူများပိုင်ဆိုင်မူ့အဖြစ်လွဲပေးရတာဘယ်မှာကြားဖူးလို့လဲ

အဲ့ဒီကိစ္စကြောင့် အကြီးအကဲများအားလုံးစုဝေးနေကြတာဖြစ်ပြီး အကြီးအကျယ်စိတ်ဆိုးနေကြပါတယ်

ဝိုလျန်းနဲ့ယူရီကတော့ ငြိမ်သက်စွာတွေးတောနေပြီး ဂိုဏ်းအကြီးအကဲ‌တွေနဲ့ဂိုဏ်းချုပ်သုံးယောက်သာ လွှဲပေးဖို့ဆုံးဖြတ်ထားရင် ဆန့်ကျင်ဖို့ဆုံးဖြတ်ထားတာပါ တယောက်နဲ့တယောက်မျက်လုံးနဲ့အချက်ပြထားပြီး ဝိုလျန်းသာလှုပ်ရှားတော့မယ်ဆိုရင် ယူရီကလဲလက်နှေးနေမှာမဟုတ်ပါဘူး

"ငါတို့ဆက်ခံသူကို‌တော့ ဘယ်လိုမှမပေးပစ်လိုက်နိုင်ဘူး"

အကြီးအကဲတယောက်ကထပြောလိုက်တာနဲ့ကျန်တဲ့သူတွေအားလုံးကလဲခေါင်းငြိမ့်ကာထောက်ခံလိုက်ပါတယ်

သူ‌တော်စင်ဂိုဏ်းချုပ်က ချောင်းဟန့်လိုက်ကာ

"ဟုတ်တယ် တကယ်လို့ဆက်ခံသူကိုပေးလိုက်ပြီးတာတောင် ငါတို့ကိုရန်ပြုချင်တယ်ဆိုရင်ပိုခက်မယ် ဆက်ခံသူလဲမရှိ ဂိုဏ်းကိုလဲတိုက်ခိုက်ခံရပြီဆိုရင် ပိုအခြေအနေဆိုးသွားမှာ "

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now