10.နှစ်တထောင်ကြာပန်း နှစ်တထောင်ကြာပန်း

8.1K 593 0
                                    


10.နှစ်တထောင်ကြာပန်း

ဝမ်ရယ်လီယူရီအိပ်ဆောင်။

"လီဖေး "
"သူဘယ်လိုနေသေးလဲ"
"သတိရမလာသေးပါဘူး"
‌"ကောင်းတယ် "
"........."

ရိ ဆွံ့အသွားခဲ့သည် ဝမ်ရယ်အဆိပ်မိနေတာ‌ကိုကောင်းတယ်ပြောလိုက်တာလား။
ဘယ်လိုတောင်လား သူမဘာအစားမှားနေလို့လဲ ဒါမှမဟုတ် ဝမ်ရယ်ကိုမကျေနပ်တာများလား
ရိမျက်နှာမဲသွား၏ ဝမ်ရယ်ကိုသတ်ချင်ရင် ဘယ်သူကိုမှသူကညှာတာနေမာမဟုတ်ပေ ကိုယ်ရံတော်ဆယ်ယောက်အနက် ဝမ်နှင့်ရိက ဝမ်ရယ်နှင့်အနီးဆုံးမလား  ပီးတော့ ဝမ်ရယ်ကျေးဇူးတွေကလဲ အများကြီးတင်နေသေးတာ

ရိတယောက်အများကြီးတွေးနေ‌ပေမဲ့
ဝိုလျန်းကလဲသူ့အတွေးနဲ့သူမို့မမြင်လိုက်
ပေ

"လီ...လီဖေး "
"အခန်းထဲသွားမယ် "

ရိမှာ သတိအနေအထားဖြင့် အခန်းထဲခေါ်ဆောင်သွား၏

ကုတင်ထက်တွင် အလွန်ခန့်ညားသော‌ယောကျာ်း‌ပျိုလေးတယောက်လှဲနေ၏.... သူ၏နက်မှောင်သောမျက်ဝန်းများကယခုအခါပိတ်လျက်သား.... နီရဲနေတတ်သောဆွဲဆောင်မူ့ရှိသည့်နှုတ်ခမ်းတစုံက ဖြူဖျော့နေသည် ....ပြောရလျင်ကုတင်ပေါ်ကလူငယ်လေးမှာ အဆိပ်မိနေသည် ယူရီဖြစ်ပေသည်

"ယူရီ "

ဝိုလျန်းတိုးလျစွာခေါ်လိုက်၏ သို့သော် ကုတင်ပေါ်ကလုလင်ပျိုလေးကတော့လှုပ်လဲမလာ ထူးလဲမထူးနိုင်ပါ
ဝိုလျန်းသက်ပြင်းအသာချကာ နောက်လှည့်ကာရိကိုခေါ်လိုက်၏
"ရိ "
"ရှိပါတယ်"
"ဒီထဲကိုဘယ်သူမှမဝင်အောင်စောင့်ရှောက်ထား"

ဝိုလျန်းအရှေ့ကိုပြန်လှည့်ကာ ယူရီရဲ့မျက်နှာလေးကိုထိတွေ့လိုက်၏  ထို့‌နောက်တော့ အဆိပ်ကိုလက်လွဲယူရန်စတင်လိုက်၏

ရုတ်တရက်အခန်းထဲတွင် မြူများဆိုင်းလာ၏ ရိမှာထူးဆန်းသောအခြေအနေကြောင့် အသင့်ပြင်ထားသည် ခနအကြာ လီဖေး၏ကိုယ်တွင်အလင်းများထွန်းလင်းလာသည်ကိုရိတွေ့လိုက်ရ၏ သူမကယခုအခါလောကကိုအပိုင်ရတဲ့နတ်ဘုရားမတပါးအလား တင့်တယ်လှ၏ ထိုနတ်ဘုရားမကဝမ်ရယ်၏ရင်ဘတ်ပေါ်သို့လက်ကိုအသာချလိုက်သည် အနီးဝန်းကျင်မှချီစွမ်းအင်များစုစည်းဝင်ရောက်လာကြသည် ဝမ်ရယ်၏ရင်ဘတ်တွင်အနက်ရောင်ချီများစုဝေးလာ၏ ထို့နောက်ထိုအနက်ရောင်ချီများက လီဖေး၏ကိုယ်ထဲသို့ဝင်ရောက်သွားတာကို ရိမြင်လိုက်ရသည်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now