လျို့ဝှက်သောကြင်ယာတော်61.အရာအားလုံးလွှတ်ချပြီးသူမနောက်ကိုလိုက်သွားမယ်
အဲ့ဒီလိုနဲ့ ယူရီတယောက်ဝိုလျန်းရဲ့ခွင့်လွတ်မူ့ကိုရပြီး ပြန်ပြေလည်သွားပေမဲ့ ဝိုလျန်းကိုမျက်စိအောက်ကအေပျာက်မခံတော့ပါဘူး သူမရဲ့ ခါးကိုဖက်ကာ သူမရဲ့ပခုံးပေါ်ကိုအရိုးမရှိသလိုမျိုးမှီတွယ်နေတတ်တယ် နောက်ကတကောက်ကောက်လိုက်ပြီးအရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတတ်တယ်
'ငါတော့ ကလေးမရသေးဘူး ကလေးထိန်းနေရပြီ ဟူးးးတကယ်ပါပဲ အဲ့ဒီလူဆိုးလေးကတော့'
ဒါပေမဲ့ ယူရီရဲ့အပြုအမူတွေက ဝိုလျန်းကိုလွတ်လပ်မူ့ပျောက်ဆုံးစေပါတယ် အဲ့တာကြောင့် သုံးရက်လောက် ရှိလာတဲ့အခါ ဝိုလျန်းတယောက်ဒေါသပုန်ထလာရပါပြီ
"ယူရီ ရှင်ရူးနေလား ထွက်သွားးးးး"
အကျင်္ီလဲနေလဲ သူရှိတယ်
"ထွက်သွား"
ရေချိုးရင်လဲသူရှိတယ်
"ထွက်သွား"
သူမစာဖတ်နေလဲ ဘေးမှာသူရှိတယ်
"ထွက်သွား"
ရေနွေးသောက်နေရင် လမ်းလျောက်နေရင် စားနေရင်
သူမကိစ္စဝိစ္စတွေလုပ်နေရင်တောင် ဘေးမှာရှိနေတယ် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ"ယူရီ ......ကျွန်မကိုကွာရှင်းပေးးးးးးးး ရှင်နဲ့အတူတူမနေနိုင်တော့ဘူး ထွက်.....သွားးးးးးးးးး"
"လျန်းအာ ကိုယ်....."
"တော်စမ်း ရှင်ဘယ်သူလဲ ကျွန်မရှင့်ကိုမသိဘူး ကျွန်မယူရီကအဲ့လိုပုံစံမျိုးမဟုတ်ဘူး တခွန်းပဲပြောမယ်ထွက်သွား ရှင့်ပြသနာကိုဖြေရှင်းပြီးမှမျကိစိရှေ့ထပ်လာခဲ့ နောက်တခါထပ်တွေ့ရင်အလင်းဓားပျံစာမိသွားမယ် ထွက်သွားးးးးးစမ်းးးးးးးးးးး"အဲ့ဒီလိုနဲ့ ယူရီတေယာက် စိတ်ဓာတ်ကျစွာ လီရှိုးယာဆီကိုရောက်လာပါတယ် ရောက်လာတာနဲ့လီရှိူးယာကိုနားရင်းအုပ်လိုက်ပြီး
"တော်တော်အတင့်ရဲနေတယ်ပေါ့ ဟုတ်လား ဟမ် ငါ့ခွင့်ပြုချက်မယူပဲမင်းကအမိန့်ေတွဘာတွေပေးရဲတယ်ပေါ့လေ "
"အားရိုး တာ့ကော (အကိုကြီး) သူပြောတာ တာ့ကောက နာလန်းမင်းသမီးကိုလိုချင်တာဆို"
"ဘာလို့လိုချင်ရမှာလဲ ငါသူ့ကိုမင်းနန်းတက်ပွဲမှာတခါပဲတွေ့ဖူးတာလေ "
"အမ် ဒါဆိုတခုခုတော့လွဲနေပြီ"
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...