လျို့ဝှက်သောကြင်ယာတော်
အပိုင်း(88)ဆေးမိခြင်း🔞🔞🔞
ဝိုလျန်းသတိရလာတော့ သူမရင်းနှီးတဲ့အိပ်ဆောင်ထဲရောက်နေတာကိုတွေ့မြင်လိုက်ရတယ်
ဘေးပတ်ဝန်းကျင်မှာတစုံတယောက်ရှိလားဆိုတာေဝ့ဝဲရှာကြည့်လိုက်ပြီး သူမကိုယ်သူမစစ်ဆေးလိုက်တော့ ပြုကျင့်ခံထားရတဲ့ပုံမရှိပဲ အရင်ဘဝကပုံရိပ်တွေပြန်မြင်နေတာမှန်းသိမှ သက်ပြင်းချလိုက်မိတယ်
တော်သေးတာက ဟိုခွေးကသူမသတိလစ်နေတာကိုအခွင့်ကောင်းယူပြီးမကြံစည်ထားပေလို့ပဲ
အမ် ဒီအိပ်ခန်းက
အရင်တုန်းကသူမကိုချုပ်ထားပြီးနှိပ်စက်ခဲ့တဲ့နေရာမလား
'ဒီအိပ်ခန်းကငါရဲ့အတိတ်ဆိုးတွေနဲ့ပြည့်နေတာပဲ တော်သေးတာကငါအရိပ်ဆိုးအဆိပ်ကိုဖယ်ရှားလိုက်လို့ မဟုတ်ရင် ငါရူးနေလောက်ပြီ '
သူမစိတ်ကိုအတတ်နိုင်ဆုံးလျော့လိုက်ကာ ဘာလုပ်သင့်သလဲဆိုတာစဉ်းစားလိုက်တယ်
သူမရဲ့အလင်းစွမ်းအားတွေကိုကိုယ်တွင်းမှာလှည့်ပတ်ကြည့်လိုက်တော့ သူမရဲ့ဒန်တျန်ထဲမှာ အတွင်းအားတစက်ကလေးတောင်ရှိမနေဘူး
' သေစမ်း အတွင်းအားတွေရှိမနေမှတော့သွားပြီပေါ့ နေရာလွတ်စွမ်းအားကိုငါဘယ်လိုသုံးရတော့မှာလဲ '
"သတိရလာပြီလား ကိုယ်မင်းကိုစောင့်နေတာ ဆေးတိုက်ဖို့လေ "
".............."လီဖေးဟုန်က အခန်းထဲရောက်လာပြီး သူမကိုချိုသာစွာပြုံးပြကာပြောလိုက်ပါတယ်
ဒါပေမဲ့ အဲ့ခွေးမျက်နှာမြင်တာနဲ့အော်ဂလီဆန်လာတာကဆိုးတာပဲ အရမ်းရွံဖို့ကောင်းလို့ စကားတောင်အဖက်လုပ်ပြီးပြန်မပြောချင်တော့ဘူး
သူမပြန်မပြောတာကိုဂရုမစိုက်ပဲ လီဖေးဟုန်ကသူကိုင်ဆောင်လာတဲ့ဆေးပုလင်းကိုမြောက်ကာ
" ဒါက နွေဦးပန်းဝတ်မှုန်ဆေးလေ မင်းအရမ်းအသုံးပြုခဲ့တဲ့ဆေးပေါ့ ဒါပေမဲ့ ဒိဆေးကသာမာန်ဆေးေတွထက်သုံးဆပြင်းလို့ မင်းလေးသောက်ဖူးတာေတွထက်ပိုပြင်းတယ် မင်းလေး ငြင်းဆန်နိုင်မှာလားကိုယ်စောင့်ကြည့်နေမယ် "
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...