74.အခုဘယ်သူကဆက်ခံသူလဲ

2K 145 20
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(74) အခုဘယ်သူကဆက်ခံသူလဲ

အကြီးအကဲများတုန်လှုပ်သွားပြီး တယောက်က ချောင်းလုပ်ဆိုး တယောက်ကမျက်နှာလွဲ တယောက်ကမရှိတဲ့ဖုန်‌ေတွခါလိုခါနဲ့ ရှက်သွားကြပါတယ်

ညအချိန်မတော် ဂိုဏ်းငါးဂိုဏ်းရဲ့အကြီးအကဲတွေက ပြိုင်ပြွဝင်တယောက်ရဲ့စံအိမ်တော်ကိုခိုးဝင်လာတယ်တဲ့လား 

တယောက်ယောက်ကသာ ဒီသတင်းကိုသိုင်းလောကထဲမှာဖြန့်လိုက်ရင် သူတို့မျက်နှာကိုဓားနဲ့လှီးပစ်ရဖို့ပဲရှိပါတော့တယ်

"လာခဲ့ ဘာဖြစ်လဲ အနဲဆုံးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရတာပေါ့ "

အကြီးအကဲတယောက်ကပြောပြိး အထဲဝင်သွားတော့ ကျန်တဲ့အကြိးအကဲတွေကလဲ ‌ချောင်းဟန့်လိုက်ကာ လိုက်ဝင်သွားကြပါတော့တယ်

ဧည့်ဆောင်မှာကတော့ အဝါရောင်ဝတ်ရုံလေးတဲ့စုစုက လှပစွာထိုင်နေပါတယ်

"အကြီးအကဲတို့ကြွပါ"

အကြီးအကဲများတယောက်နဲ့တယောက်ကြည့်လိုက်ကြပြီး ထိုင်ခုံနားမှာကိုယ်စီဝင်ထိုင်လိုက်ကြပါတယ်

"အကြိးအကဲငါးရောက်လုံးရောက်လာတယ်ဆိုတော့ ကြုံတောင်ကြုံခဲဖြစ်ရပ်ပါပဲနော် စုစုဝမ်းသာဂုဏ်ယူမိပါတယ် ဟွာလေးရေ ပြင်ဆင်ထားတဲ့လက်ဆောင်တွေကိုအကြိးအကဲတို့ကိုပေးလိုက်ပါဦး "

အကြီးအကဲတွေတခုခုပြောဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ခန့်ညားတဲ့ကောင်လေးတယောက်က ဗန်းအသီးသီးမှာသိုလှောင်အိတ်တအိတ်စီထည့်ပြီး ရောက်လာပါတယ်

အကြီးအကဲငါးယောက်က ချောမောခန့်ညားလှတဲ့ယောကျာ်း‌ပျိုလေးကိုကြည့်နေပြီး မျက်နှာထားတွေကထူးဆန်းနေကြပါတယ်

ရှောင်ဟွာ ဟွာလေး တယောက်ထဲမဟုတ်ဘူးလား

ပြိုင်ပွဲမှာတုန်းက သေချာပေါက်ဟွာလေးလို့ခေါ်တာကျိန်းသေပေါက်ကြားလိုက်ပါတယ်

ဟွာလေးကနှစ်ယောက်ရှိတာလား အမြွာတွေလား ရုပ်ရည်တွေကအရမ်းကွာခြားနေသလိုကြိး

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now