28.လုပ်ရဲလား လုပ္ရဲလား

6.1K 389 0
                                    

လီယူရီကခေါင်းငြိမ့်ကာ

"ကောင်းပြီ စကြစို့"

ပြောပြသည်နှင့် အသီးသီးခုန်ဝင်သွားကြတော့၏ ဝိုလျန်းတို့စတင်တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် တဲအစုစုလေးများမှ တိုက်ပွဲခေါ်သံများကစတင်ဆူညံလာကြတော့၏ တဲအတွင်းမှအုပ်စုခေါင်းဆောင်ကလဲဝတ်ရုံအမြန်ဝတ်ကာ တိုက်ပွဲအတွင်းသို့ခုန်ဝင်လာ၏

လီယူရီတို့အုပ်စုမှာ ဘာစကားမှမပြောတော့ပဲ ကိုယ်စီတိုက်ခိုက်လိုက်ကြပြီး တိုက်ပွဲကိုမြန်မြန်လက်စသတ်လိုက်ကြတော့သည်

တခနတောင်မကြာတဲ့အချိန်အတွင်း ခုနကဆူညံကာသက်ဝင်နေသောနေရာသည်အလောင်းကောင်များနှင့်ပြည့်နှက်သွား၏

ဝိုလျန်းက တဲအတွင်းသို့ဝင်ကာ မိန်းမငယ်လေးများအားခေါ်ထုတ်လာခဲ့ပြီး သူတို့အားလုံးတည်းခိုခန်းသို့ပြန်လာခဲ့တော့သည်

တည်းခိုခန်းသို့ပြန်ရောက်ပြီးနောက် ဝိုလျန်းက ရေမိုးချိုးခြေလက်သုတ်သင်ကာ ညအိပ်ရန် အောက်ခံအကျင်္ီလေးဝတ်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလိုက်၏ သူမစိတ်အခြေအနေသိပ်မကောင်းပေ ခုနတုန်းကကြုံခဲ့ရသောမြင်ကွင်းအကြောင်းအရာများကြောင့်ဖြစ်နိုင်သည်

"ချန်းလေး"
"နူပိရှိပါတယ်"
"မုန့်လုံး‌လေးဘာလုပ်နေလဲ"
"သခင်မလေးတို့သွားတာမလိုက်ရလို့စိတ်ကောက်နေတယ်လို့ပြောပေးဆိုပြီး အခန်းထဲဝင်သွားတာ ပြန်ထွက်မလာသေးဘူး "
"ဟုတ်ပါရဲ့ အခုရက်ပိုင်း မုန့်လုံးလေးနဲ့တောင်စကား‌ေကာင်း‌ေကာင်းမပြောရဘူး မနက်ဖြန်ကြရင်တော့ သွားချော့ရဦးမယ် အရူးလေးကို"
"သခင်မလေးက အဖြူရောင်ကောင်လေးအပေါ်ကိုအရမ်းကောင်းတာပဲ"
"ဒါပေါ့ သူကငါ့သားပဲဟာကို"
"............"

ချန်းလေးက‌ ဝိုလျန်းမျက်နှာကို‌ ထောပတ်သီး သုတ်လိမ်းပေးရန်အနားကပ်လာကာ သူမဘယ်လောက်အသားအရေ‌ေကာင်းကြောင်းပြောနေ၏

"သခင်မလေးရဲ့ အသားအရေကသိပ်ကောင်းတာပဲ ကြည်စင်ပြီးတော့အရမ်းကိုလှတယ် "
"ဟုတ်ပါပြီ ‌နင်ပဲ ပေါက်တတ်ကရပြောတတ်တယ် "
"အာ နူပိ တကယ်ပြောတာပါ ဝမ်ရယ်ဆိုသခင်မ‌‌ေလးကိုအရမ်းချစ်တာပဲ "
"ဟုတ်လို့လား ငါဘာလို့မသိတာလဲ "
"အာ သခင်မလေးကမမြင်လို့ဖြစ်ပါလိမ့်မယ် ဝမ်ရယ်ကအရမ်းချစ်တာ သိသာလွန်းတဲ့ဟာကို "

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now