46.ကောင်းကင်အလင်းပြစ်ချက်

2.9K 189 0
                                    

46. ကောင်းကင်အလင်းပြစ်ချက်

နေရောင်ကောင်းကောင်းရသော နေ့တနေ့ရဲ့အလယ်ပိုင်းလောက်မှာ ဝိုလျန်းတယောက်သတိပြန်ရလာခဲ့၏ ယူရီကဘေးကနေစိုးရိမ်တကြီးကြည့်နေကာ ရေဘုရင်ကလဲနတ်ဆေးသမားတော်ခေါ်ကာစစ်ဆေးပေးသည် ပြန်သတိလည်လာထဲက အရယ်အပြုံးမရှိ စကားလဲမပြောသောဝိုလျန်းက သူမမျက်ဝန်းတွေထဲကအသက်မဲ့သောပုံရိပ်လေးများကို ကမန်းကတန်းကာကွယ်လိုက်သော်လည်း ယူရီကရှာတွေ့သွား၏

ယူရီဝိုလျန်းအနီးအနားကိုလျောက်လာကာ ဝိုလျန်းကိုရင်ခွင်ထဲထွေးပွေးဖို့လက်လှမ်းလိုက်သည်

သို့သော် ယူရီလုပ်လိုက်တဲ့အပြုအမူကဝိုလျန်းကိုနောက်ဆုတ်သွားစေသည် သူမရဲ့ကြောက်ရွံထိတ်လန့်နေတဲ့မျက်ဝန်းများကိုတွေ့တော့ ယူရီရင်နာသွားမိသည်

"ရှူး ရှူး  မကြောက်နဲ့ ကိုယ်ပါ ယူရီလေ လျန်းအာကိုဘယ်တော့မှအန္တရယ်မပြုပါဘူး ယုံလိုက်နော် လာ ကိုယ့်ရင်ခွင်ထဲကိုလာခဲ့"

ယူရီကကလေးတယောက်ကိုချော့သလိုမျိုးပြုလုပ်လိုက်ပြီး
သူမကိုလှမ်းဖက်လိုက်၏ ဝိုလျန်းသူ့ရင်ခွင်ထဲအသာတကြည်ရောက်လာမှ တင်းတင်းကျပ်ကျပ်ဖက်လိုက်ကာ သူ့ကိုယုံကြည်ဖို့နဲ့လျန်းအာကိုဘယ်လောက်ချစ်ကြောင်းပြောပြနေသည်

ထိုအချိန်တွင် ရေဘုရင်နဲ့ချန်းလေးက အခန်းထဲသို့ဝင်လာပြီး ဝိုလျန်းကိုစိတ်မကောင်းဖြစ်နေသောအကြည့်နှင့်ကြည့်လိုက်ကြသည်

ချန်းလေးကသူသခင်မကိုချောင်းကြည့်လိုက်ပြီးအကဲခတ်လိုက်၏ ဘာဖြစ်ခဲ့လဲမသိပေမဲ့ သူမရဲ့သခင်မကဘယ်လောက်ထိတ်လန့်‌ေနသလဲ ခြောက်ခြားနေသလဲဆိုတာခန့်မှန်းနိုင်သည်

သူမကြိုလာတဲ့စိတ်ငြိမ်ဆေးကိုဝမ်ရယ်လက်ထဲထဲ့လိုက်ပြီးနောက်အလိုက်တသိနှင့်ထွက်ခွာသွား၏

သူမအပြင်ထွက်သွားပြီးသိပ်မကြာ ဝိုလျန်း၏အခန်းထဲသို့လူတစုရောက်လာကြပြန်သည် သူတို့ကရေတိုင်းပြည်ရဲ့အမတ်လေးဦးဖြစ်ကြပြီး သူတို့ကိုယဲ့ဖိုးဖိုးကဦးဆောင်ကာခေါ်လာတာဖြစ်သည်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now