78.ရှာတွေ့သွားပြီ

2.1K 119 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(78) ရှာတွေ့သွားပြီ

"အရှင် သူတို့ စီချွမ်မြို့မှာလို့ သတင်းပေးက သတင်းပို့လာပါတယ် "
"မြင်းပြင်လိုက် "
"ကောင်းပါပြီအရှင် "

ရှောင်လျန်းအာ ရှောင်လျန်းအာ မင်းလေးကိုယ့်လက်ကလွတ်ပြီလို့ထင်နေတယ်ပေါ့

ဘာကြောင့်များပြေးချင်နေရတာလဲ မင်းကလေးအရမ်းလိုချင်နေတယ်ဆိုလဲရတယ် ဒါပေမဲ့ မင်းဝမ်းထဲကကလေးကတော့ ငါ့သွေးပဲဖြစ်ရမယ် မင်းကံကောင်းသွားလို့က‌ေလးကိုကာကွယ်နိုင်ခဲ့တယ်ဆိုရင်တောင် အဲ့ကလေးကငါ့လက်ထဲမှာကျိန်းသေပေါက်သေမှာပဲ

"ဟားးးးးဟားးးးးဟားးးးးးး ရှောင်လျန်းအာ မင်းငါ့ကိုတကယ်ကြီးငြင်းလို့ရမယ်လို့ထင်နေတယ်ပေါ့ ဟားဟားဟားးးး"

ကောင်းပြိလေ မင်းကိုဖမ်းပြီးဘယ်လိုကစားပြမလဲဆိုတာစောင့်ကြည့်လိုက် မင်းချစ်တဲ့သူကိုပါ ငါကစားနေတဲ့အချိန်ဘေးကစောင့်ကြည့်ခိုင်းမယ် ငါကစားလို့ဝမှ မင်းကိုခြေမွပြီး ငါ့နားကထွက်ပြေးရဲရင်ဘယ်လိုဖြစ်တတ်လဲဆိုတာပြရသေးတာပေါ့

....... . . . .. . . . . . . . . . . .. . . . . . . . . .. ...

"ဂီးးးးးဂီးးးးးးဂီးးးးးးးးး"

,"ကယ်ကြပါ ဘယ်သူမှမရှိကြဘူးလား"

သူမပြေးတယ် ပြေးတယ်  ဘယ်လောက်ပြေးပြေး မလွတ်မြောက်နိုင်သလိုပါပဲ ခြေလှမ်းတွေယိမ်းယိုင်နေပြီးတော့ ဒီဒုက္ခကမလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်

"အဟင့်ဟင့် ကယ်ကြပါ ကယ်ကြပါ တယောက်ယောက်ကယ်ကြပါ "

"ခွေးတွေအများကြီး  အများကြီးပဲ 
ယူရီ ယူရီ ရှင်ဘယ်မှာလဲ ကျွန်မကိုကာကွယ်ပေးမယ်ဆို ယူရီ ယူရီ "

သူမပြေးဖို့ကြိုးစားရုန်းထွက်နေပါတယ် ဒါပေမဲ့ တလှမ်းမှလှမ်းလို့မရနိုင်ဘူး

"ဂီးးးးးးးးးးဂီးးးးးးးးးဂီးးးးးးး"
"မလာနဲ့ မလာနဲ့ ရှူးးးးးး သွားသွား "

သူမ‌ေပြးဖို့အတင်းကြိုးစားလုိက်တာ‌ေကြာင့်လှဲကျသွားတော့ မြက်ပင်တွေကိုဆုပ်ကိုင်တွယ်တက်လိုက်ပါတယ် ဒါပေမဲ့ မြက်ပင်တွေကပါသူမကိုဝါးစားတော့မလိုပါးစပ်ကြီးတွေဟလာကြပါတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now