63.လုပ်ကြံမူ့မအောင်မြင်

2.6K 145 3
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(63)လုပ်ကြံမူ့မအောင်မြင်

နန်းမြို့တော်ကထူးထူးဆန်းဆန်းငြိမ်သက်နေတယ် တခုခု‌ဖြစ်တော့မလိုပဲ

ဝိုလျန်းတယောက်စိတ်တွေလေးနေပြီးနမိတ်မကောင်းတာတခုခုခံစားနေရတယ်

သူမရဲ့ဒီဘဝက အရင်ဘဝတုန်းကနဲ့မတူတာကြောင့် ဒီဘဝမှာအရင်ဘဝကဖြစ်တာတွေကဆက်မဖြစ်ပဲရပ်တန့်သွားခဲ့တယ် ဒါကြောင့်အချို့အရာတေါကိုသူမမခန့်မှန်းနိုင်တော့တာ ဒါပေမဲ့ အချက်အလက်တချို့ကိုတော့သုံးလို့ရဦးမယ်ဆိုသိပ်ကောင်းမှာပဲ

"ဘာတွေတွေးနေတာလဲလျန်းအာ"

သူမရဲ့ခါးကိုလာဖက်လာတဲ့အထိအတွေ့နဲ့တိုးညင်းတဲ့အသံတိုးတိုးလေးကြောင့် ဝိုလျန်းအတွေးတွေပျက်ပြားသွားရပြီး ကျက်သီးတွေပါထလာခဲ့တယ်

"ယားတယ် မလုပ်နဲ့"

နားရွက်လေးကိုတဖြေးဖြေးချင်းတို့ထိနေပြိး သူမရဲ့လည်ကုတ်လေးတွေကိုပါ နမ်းရှိုက်နေတာကြောင့် သူမ မနေတတ်ဖြစ်သွားရတယ်

"နတ်ဆေးဆရာရောက်ပါပြီအရှင်"

"ဟမ်  ဘယ်သူခေါ်ထားတာလဲ"
"ကိုယ်နတ်ဆေးဆရာခေါ်ထားတာ အခုရက်ပိုင်း ကိုယ့်ရဲ့လျန်းအာလေးကအချိုတွေအရမ်းစားနေလို့လေ တခုခုဖြစ်နေမှာစိုးလို့"

အသေးစိတ်ကအစလိုက်ပြီးစိတ်ပူနေတဲ့ယူရီကြောင့်သူမစိတ်ပျော်သွားရတယ်

"ကောင်းပြိလေ လာတော့လဲ စစ်ကြည့်လိုက်ကြတာပေါ့"

ဝိုလျန်းတို့အိပ်ခန်းဆောင်ထဲဝင်လာပြီး ချန်းလေးကိုနတ်ဆေးဆရာကိုအခေါ်လွတ်လိုက်တယ်

"ဝမ်ရယ်နဲ့လီဖေးကို  ဂါရဝပြုပါတယ်"
"လာ လီဖေးရဲ့ကိုယ်ကိုစမ်းကြည့်လိုက်"
"ဟုတ်ကဲ့ပါအရှင်"

နတ်ဆေးသမားတော်က ဝိုလျန်းကိုသွေးကြောစမ်းလိုက်ပြီး

"ထွေထွေထူးထူးမရှိပါဘူးအရှင် လီဖေးရဲ့ကျန်းမာရေးကကောင်းပါတယ်
ကျွန်တ်ောမျိုးရေးပေးတဲ့ဆေးစာထဲကဆေးတွေကိုတနေ့သုံးခေါက်ပုံမှန်သောက်ပြီး သုံးရက်မြောက်ရင်ရပ်လို့ရပါပြီ အချိုစားတာရပ်သွားပါလိမ့်မယ်"

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniDove le storie prendono vita. Scoprilo ora