14.မသေတဲ့အပြင်အဆင့်တက်ခြင်း
ဝိုလျန်း တိမ်တွေထဲလျောက်သွားနေတယ် မြူတွေသိုင်းနေတဲ့ရောင်စုံကမ္ဘာကြီးဟာ ဘာကြောင့်များအိမ်ပြန်လမ်းကိုရှာမတွေ့ရတာလဲ
သူမစိတ်တွေရှုပ်လာတယ် အားကိုးရာကိုလိုက်ရှာနေပေမဲ့ ဘာကြောင့်များ ဘာကြောင့်များ ဘယ်သူမှမတွေ့ရတာလဲ
"လီဖေး လီဖေး"
သူမကိုခေါ်နေတာလား လီဖေး လီဖေး ဒါသူမကိုခေါ်နေတာပဲ ဘယ်သူများလဲ
"ဘယ်သူလဲ "
"လီဖေး"
"ဘယ်သူလဲ တယောက်ယောက်ခေါ်သလား ကျွန်မကိုသိသလား "
"လီဖေး"
"ဘယ်သူလဲ"ကူကယ်ရာမဲ့စွာနဲ့ သူမအော်နေမိတယ် ဘယ်သူလဲ ဒါဘယ်နေရာလဲ သူမဘာကြောင့်ဒီကိုရောက်နေရတာလဲ ပြောကြပါ တယောက်ယောက်လောက် ပြောကြပါ
"လီဖေး"
"အားးးး......."သူမအိမ်ပြန်ချင်တယ် အိမ် အိမ် အဲ့ဒါဘယ်နေရာများလဲ
"လီဖေး ဘယ်နေရာရောက်ရောက် ပြန်လာခဲ့ ကိုယ်စောင့်နေတယ်နော် လီဖေး "
သူဘယ်သူများလဲ ဒီအသံပိုင်ရှင်က သူ သူ ဘယ်သူများလဲ လီဖေးကသူမလား အား သူမခေါင်းတွေကိုက်လိုက်တာ
အာရုံလေးပါးပိတ်ထားတဲ့အခြေအနေမှာ ဒီလိုဖြစ်တတ်သလား သေချာတာကတော့ သူမရီဝေစွာနဲ့တွေးလိုက်တာ 'လီယူရီ 'ဆိုတဲ့အမည်လေးတခု
ရုတ်တရက် သူမသိသွားတယ် သူမဟာလီဖေး လီယူရီရဲ့မိဘုရား သူမမာလုပ်စရာတွေအများကြီးရှိနေသေးတယ် သူမသေလို့မဖြစ်ဘူး အဲ့ဒီအချိန်မှာပဲ အာရုံတွေအကုန်ပြန်ပွင့်သွားပြီး ဆေးကိုလဲစတင်သန့်စင်နိုင်တော့တယ် သူမဟာသူတော်စင်အလင်းကုသသူဆိုတော့သိပ်ကြာကြာမစောင့်လိုက်ရဘူး ဆေးရဲ့အစွမ်းဟာပြလာပြီး သူမရဲ့ကိုယ်ထဲကအဆိပ်တွေကိုပြန်အန်ထုတ်တော့တယ်
"အဟွတ်ဟွတ် အဟွတ်ဟွတ် "
အဲ့ဒီလိုလေးငါးခါလောက်အန်လိုက်ပြီးတော့သူမမျက်လုံးပွင့်လာတော့တယ်
ဒါပေမဲ့သူမအားနည်းနေတုန်းပဲ သူမကိုယ့်ကိုကုသဖို့သူတော်စင်အလင်းကိုဆင့်ခေါ်လိုက်တော့ သူမရဲ့ကိုယ်ထဲကအတွင်းအားတွေဟာမငြိမ်မသက်နဲ့စွမ်းအားတခုခုကို တိုက်မိနေတယ်ဆိုတာတွေ့လိုက်ရတယ် အဲ့စွမ်းအားက နှစ်တထောင်ကြာပန်းရဲ့စွမ်းအင်တွေဆိုတာပြောနေစရာတောင်မလိုတော့ဘူးလေ သူမပြန်နိုးထလာထဲကယူရီကြောင့်ဆိုတာသိသာနေတာပဲကို 'လီယူရီ'အဲ့နာမည်ကိုတွေးမိသွားတော့ သူမပြုံးသွားမိတယ် ရင်ထဲနွေးသွားသလိုပဲ
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...