32.ရေတိုင်းပြည်ရဲ့ဘုရင်မ
"လျန်းလျန်း ဘယ်လိုလဲ အိမ်ကိုပြန်ရောက်တဲ့ခံစားချက်ကိုရရဲ့လား"
ဝိုလျန်းက ပင်လယ်လေကိုတဝကြီးရှူနေရင်းမှပြုံးလိုက်၏ ယူရီကတော့ဝိုလျန်းလက်ကိုတွဲထားပြီးဘေးနားမှာရှိနေသည်
ကျန်တဲ့သးများကတော့ မျက်စိတောင်းမှောက်လိုက်ကြည့်ကြ၏ပင်လယ်ပေါ်တွင်တည်ထားသည့်ပြည်နယ်ဖြစ်ပေမဲ့ ခမ်းခမ်းနားနားထည်ထည်ဝါဝါမရှိ အရာအားလုံးကသမာရိုးကျဖြစ်နေကာ သာမာန်ပြည်နယ်တခုလိုပါပဲ သူတို့အားလုံးကကြီးကြီးမားမားတွေ့ရမည်ဟုမျော်လင့်ထားပြီးမှ ဘာမှမမြင်ရခြင်းကြောင့်စိတ်တောင်ပျက်ချင်ချင်ဖြစ်နေကြပြီ
သူတို့ရဲ့အမူအယာကိုကြည့်ပြီးမုန့်လုံးလေးကဘာမှမပြော ဒါပေမဲ့ဝိုလျန်းကတော့ပြုံးမိလိုက်သည်
အင်း ခနနေကျရင်ကြားရမဲ့အသံတွေအတွက်အခုကတည်းကကြိုပြီးရယ်ထားလိုက်သည်
သူတို့လာရင်းနဲ့မြို့ထဲဘက်ရောက်လာသည် အရာအားလုံးပုံမှန်ဖြစ်လွန်း၍သူတို့အားလုံးပုံမှန်မဟုတ်ဘူးလို့တောင်ထင်လာကြပြီ
ဟုတ်ပါသည် ခနနေတော့ မုန့်လုံးလေးက လက်ဟန်များဖြင့်အကာအကွယ်စည်းနောက်တခုကိုထပ်ဖွင့်လိုက်၏
တော့အားလုံးအံဩလွန်းလို့မျက်လုံးတွေတောင်ပွတ်မိကြရပါပြီအားပါးပါး ဒါပြည်နယ်တခုမှမဟုတ်တာပဲ ဒါနန်းတော်ပဲ ကြည့်စမ်းခမ်းနားလိုက်တာ ငါတို့ရဲ့နန်းတော်တောင်ဒီနန်းတော်နဲ့ယှဉ်ရင်ရေနဲ့ဆီပဲ ကြည့်စမ်းရွေတွေနဲ့မဟုတ်ပဲပုလဲတွေနဲ့ချည်းပဲ ပြီးတော့အဲ့တာက အရှားပါးဆုံးအနက်ရောင်ပုလဲတွေနော် အားရားရား ဒီကပုလဲတလုံးလောက်ရလိုက်ရင်တောင် ပြည်နယ်တခုကိုအသာလေးတည်လိုက်လို့ရတယ် အမလေးလေး ငါတော့ အရမ်းကြီးကိုလက်ဖျားခါတယ်ဟေ့
ချမ်းသာချက်ကဆောက်ရမ်းပဲကွာသူတို့တွေးနေတာကိုသတိမထားမိတဲ့မုန့်လုံးလေးကတော့ နန်းတော်လိုတည်ဆောက်ထားတဲ့အဆောက်အဦးရဲ့အတွင်းခန်းထဲကိုခေါ်သွားကြပါတယ်
အဲ့ဒီအခါမှာတော့ သူတို့အားလုံးဘာစကားမှမပြောနိုင် ဘာမှမတွေးနိုင်ပဲ သရေတွေပဲကျနေကြပါတော့တယ်
ESTÁS LEYENDO
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanficOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...