49.နတ်ဆိုးအဆိပ်
"သက်တန့်ကျောက်သလင်း"
"ဘာ မဖြစ်နိုင်လိုက်တာ"
"ဟုတ်တယ် သက်တန့်ကျောက်သလင်းက အဆိပ်တွေကိုစုဝေးစေပြီး နှလုံးဆီကိုပို့ဆောင်ပေးတယ် နှလုံးကသာ အဆိပ်တွေကိုစစ်ထုတ်နိုင်ပြီး သွေးပြန်ကြောတလျောက်ပို့ဆောင်ပေးနိုင်မယ်ဆိုရင် အဆင်ပြေပြီ"
"ဒါပေမဲ့ နှလုံးဆီကိုအဆိပ်ရောက်သွားတာနဲ့ကျိန်းသေပေါက်သေမှာပဲလေ"အခန်းထဲရှိအရာအားလုံးတိတ်ဆိတ်သွား၏ အတန်ကြာမှ ယူရီက ဆိတ်ငြိမ်မူ့ကိုဖြိုခွင်းလိုက်ပြီး
"လက်လျော့လိုက် နောက်တမျိုးစဉ်းစားရအောင်"
ဝိုလျန်းကဘာမှမပြော ငြိမ်သက်စွာဖြင့် စဉ်းစားနေသော်လည်း ခေါင်းမညိတ်ခဲ့ပါ
"လျန်းအာ တကယ်ကိုမဖြစ်ဘူးနော် မလုပ်ရဘူး ကိုယ်နောက်ထပ်နည်းလမ်းထပ်ရှာပေးမယ် အဲ့ဒီဟာကိုစိတ်ကူးထဲတောင်မထည့်နဲ့"
သူမရဲ့ခေါင်းမာတဲ့အကျင့်စရိုက်ကို လီယူရီသိနေတာမို့ လေသံခပ်မာမာဖြင့် အသိပေးစကားဆိုလိုက်ရသည်
ဝိုလျန်းကတော့ မျက်လွှာချထားပြီး ဘာမှမပြော သူမမျက်တောင်ရှည်များဖုံးအုပ်နေတာကြောင့် သူမမျက်ဝန်းထဲမှာဘာတွေးနေလဲမမြင်ရ ယူရီ အလိုမကျဖြစ်လာပြီး ဝိုလျန်းနားကိုသွားထိုင်လိုက်ကာ ဝိုလျန်းလက်ကိုရင်ဘတ်နားအုပ်ကိုင်ထားလိုက်ရင်း နူးနူးညံ့ညံ့လေးဖြောင်းဖြလိုက်ပြန်သည်
"လျန်းအာ ကိုယ် မင်းမရှိလို့မရဘူး သေနိုင်တယ် အဲ့တော့ မင်းသာမတော်လို့တစုံတခုဖြစ်ပျက်ခဲ့မယ်ဆိုရင် ကိုယ်အရင်ဆုံးကြေကွဲရမယ် ရင်နာရမယ် မင်းမရှိပဲကိုယ်ဘယ်လိုအသက်ရှင်နိုင်မှာတဲ့လဲ ကိုယ့်ကိုချစ်တယ်ဆို အဲ့ဒီနည်းလမ်းကိုမလုပ်တော့နဲ့နော် ကိုယ်ကဝမ်ရယ်တယောက်ပါ တိုင်းပြည်မှာရှိသမျှသမားတော်တွေကိုကိုယ်ပင့်နိုင်တယ် ကိုယ်ဖိတ်နိုင်တယ် နောက်ဆုံးတခြားတိုင်းပြည်ကသမားတော်တွေကိုတောင်ကိုယ်ခေါ်ပေးနိုင်တယ် အဲ့တော့ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုချစ်တယ်ဆို မလုပ်ပါနဲ့နော်"
YOU ARE READING
(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & Uni
FanfictionOwn creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက်ကြောင့်ပျက်စီးခဲ့တယ်...ရစရာမရှိအောင်..အဖတ်ဆယ်စရာမရှိအောင်ပျက်စီးခဲ့တယ်...အဆုံးသတ်ကလဲမလှခဲ့ဘူး . . . ငါ..နင်တို့ဆီကအကြွေးပြန်ယူမယ်..ငါရခဲ့တာ...