62.zgi

1.9K 69 3
                                    


62.အချစ်မောင်‌နှံ

နောက်ငါးရက်အတွင်းမှာပဲ နန်းမြို့တော်တခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားကြရတယ်

အကြောင်းက သူတို့ရဲ့ဝမ်ရယ်က သူ့ရဲ့ရာထူးကိုစွန့်လွှတ်ကာ သိုင်းလောကထဲကိုတရားဝင် ဝင်ရောက်ကြောင်းကြေငြာလိုက်တာကြောင့်ပဲဖြစ်တယ်

မင်းကြီးရဲ့နောက်ကွယ်ကန့်လန့်ကာကလူဟာ ဝမ်ရယ်လီယူရီဖြစ်တယ်ဆိုတာကိုကလေးကအစခွေးကအဆုံးသိတာမို့ အခုလိုမျိုးဆုံးဖြတ်လိုက်တဲ့အပေါ်သူတို့တွေအရမ်းအံဩနေကြရတယ်

လွန်ခဲ့တဲ့ရက်‌တွေတုန်းကလဲသတင်းတခုကြားခဲ့ရ‌သေးတယ် တိုင်းပြည်ရဲ့အမတ်ချုပ် နာလန်းအိမ်တော်ခေါင်းဆောင်နာလန်းချူးရဲ့မြေးအကြီးဆုံး နာလန်းအိမ်တော်ရဲ့သမီးအကြီးဆုံး နာလန်းရိုရာကိုဝမ်ရယ်ကတော်ကောက်မယ်ဆိုတဲ့အကြောင်းပေါ့

ဒါပေမဲ့ သူတို့အားလုံးသံသယရှိခဲ့ကြတာ ဘာကြောင့်များ ဝမ်ရယ်ကကြင်ယာတော်မရှာခဲ့ပဲ ရှာမဲ့ရှာတော့နှစ်ယောက်ကြီးများတောင်

အဲ့ဒါကဖြစ်နိုင်ပါ့မလားဆိုတာ လောင်းထားကြတဲ့လူတွေတောင်သူတို့ပြည်သူ‌တွေကြားထဲမှာရှိခဲ့တယ်လေ

ယူရီဆီကို နာလန်းချူးကသတင်းကြားကြားချင်းရောက်ချလာတယ်
သူတို့ကြားထဲဘာမှပြောစရာမရှိပေမဲ့လဲ ဒီအတိုင်းပထုတ်လိုက်ဖို့ကမကောင်းဘူးလေ ဒါကြောင့် ဘာမှမတတ်နိုင်ပဲလက်ခံတွေ့ဆုံလိုက်ရတယ်

ယူရီက နာလန်းအိမ်တော်ကလုပ်တဲ့ကိစ္စကိုသိပ်မကျေနပ်တာကြောင့် နာလန်းချူးကိုလက်ခံတွေ့ဆုံပေမဲ့လဲ ရေခဲအရှိန်အဝါတွေလွတ်ထားတယ်

နာလန်းချူးကလဲ သူရဲ့အချစ်ရဆုံးမြေးမလေးက မိဘုရားခေါင်ရာထူးမရတာကြောင့် စိတ်မကြည်ဘူး ဒါကြောင့် သူတို့ကြားထဲမှာ နေရခက်တဲ့လေထုကြီးကပဲစိုးမိုးနေတယ်

ဝိုလျန်းတယောက်သာ ယူရီဘေးနားမှာထိုင်နေရင်းနဲ့ မုန့်တွေစားနေပြီး ရေနွေးကြမ်းလဲသောက်နေလိုက်သေးတယ်
ချန်းလေးကလဲဘေးနားမှာရှိနေပြီး ဝိုလျန်းစားချင်တာတွေအကုန်လုံးကိုပြင်ဆင်ပေးနေတယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now